Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ကျွန်းတွင် ဗုံးပေါက်ကွဲ၊ ကလေး နှစ်ဦး သေဆုံး

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့် Basilan ကျွန်းနေရာအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ကျွန်းတွင် ဇန်နဝါရီလ ၃၀ ရက် နံနက်ပိုင်းက အိမ်တွင်းလုပ် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ အသက် ၂ နှစ်အရွယ်နှင့် ၅ နှစ်အရွယ် ကလေး နှစ်ဦး သေဆုံးခဲ့ပြီး လူ ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူ သုံးဦးအနက် အသက် ၄ နှစ်အရွယ် ကလေးနှစ်ဦးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြောင်း၊ ကလေးငယ် လေးဦး ဆော့ကစားနေစဉ် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒုတိယ ဗိုလ်မှူးကြီး Franco Raphael Alano က ကြေညာချက်၌ ပြောကြားထားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ တာဝန်ရှိကြောင်း ပြောကြားထားခြင်း မရှိသေးသော်လည်း စစ်တပ်ကမူ အဘူဆာရတ်အဖွဲ့ စစ်သွေးကြွများက ယင်း ပေါက်ကွဲမှုအား လုပ်ဆောင်ကြောင်း စွပ်စွဲထားသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလကလည်း Al-Barka ကျွန်း Piyang ကျေးရွာတွင် အိမ်တွင်းလုပ် ဗုံး ပေါက်ကွဲခဲ့ရာ ကလေး နှစ်ဦး သေဆုံးခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။

ထို့ပြင် အဘူဆာရတ်အဖွဲ့အား ဖိအားပေး နှိမ်နင်းရန် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးက ပြီးခဲ့သည့် နှစ် ဇွန်လမတိုင်မီက ညွှန်ကြားထားကြောင်း သိရသည်။

အဘူဆာရတ်အဖွဲ့သည် ဖိလစ်ပိုင်းတောင်ပိုင်း၌ ပြန်ပေးဆွဲခြင်းများ၊ လူသတ်ခြင်းနှင့် ဗုံးဖောက်ခွဲခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များအား လုပ်ဆောင်နေသော အစွန်းရောက်အဖွဲ့ တစ်ခု ဖြစ်သည်။

စစ်တပ်၏ အဆိုအရ Basilan ကျွန်းအနီးတဝိုက်နှင့် စူလူးပြည်နယ်တွင် အဘူဆာရတ်အဖွဲ့က ကျူးလွန်ခဲ့သော ပြစ်မှုပေါင်း ၄၀၀ ခန့်ရှိကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံက အဘူဆာရတ် စစ်သွေးကြွများကို ၂၀၀၂ ခုနှစ်ကတည်းက နှိမ်နင်းနေခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.