Connect with us

Asia

မလေးရှားနိုင်ငံ ဘာသာရေးကျောင်း တစ်ခု မီးလောင်မှုက ရှို့မီးကြောင့်ဟု အာဏာပိုင်များ ပြောကြား

မလေးရှားနိုင်ငံတွင် မီးလောင်ကျွမ်းခဲ့သော ဘာသာရေးကျောင်း တစ်ကျောင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ စက်တင်ဘာလ ၂၂ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်အကြာက ဘာသာရေး စာသင်ကျောင်း တစ်ကျောင်း မီးလောင်မှုသည် တမင်သက်သက် ကြံစည်မှုကြောင့် ဖြစ်ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဋ္ဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

မီးလောင်ကျွမ်းမှုသည် အဆိုပါ ကျောင်း ၏ သုံးထပ် အဆောင် ဝင်ပေါက်ရှိ ဓာတ်ဆီကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် မီးသတ်ဋ္ဌာန ညွှန်ကြားရေးမှူးချုပ် Wan Mohd Nor Ibahim က ပြောသည်။

အခင်း ဖြစ်ပွားသည့်နေရာတွင် Liquid petroleum gas (LPG) ပေါင်းအိုး နှစ်လုံး၏ အဆို့ရှင်များမှာ ပွင့်လျက်ရှိသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

LPG ကြာင့် မီးက အဆောင် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အဆောင်အတွင်းရှိ မီးလောင်စေသော ပစ္စည်းများကြောင့်လည်း မီးလောင်ကျွမ်းမှု ဆိုးဝါးခဲ့ကာ အချိန်တိုအတွင်း လူသေဆုံးမှုများ ရှိခဲ့သည်။

“တွေ့ရှိချက်များအရ တမင်သက်သက် ကြိုတင်ကြံစည်မှုကြောင့် ယခုလို မီးလောင်မှု ဖြစ်ရတာပါ” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါ မီးလောင်ကျွမ်းမှုတွင် ကျောင်းသား ၂၁ ဦးနှင့် ဆရာ ၂ ဦး သေဆုံးခဲ့ပြီး မလေးရှားနိုင်ငံ၌ ဆယ်စုနှစ် နှစ်ခုအတွင်း အဆိုးဝါးဆုံး ကြောက်မက်ဖွယ် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ ယင်း မီးလောင်ကျွမ်းမှုနှင့် ဆက်စပ်မှုရှိကြောင်း သံသယရှိသူ ဆယ်ကျော်သက် ၇ ဦးအား ဖမ်းဆီးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.