Connect with us

Asia

အောက်တိုဘာလတွင် ထိုင်းဘုရင်ဟောင်း၏ ရုပ်ကလာပ် မီးသဂြိုလ်ခြင်း အခမ်းအနားအတွက် Grand Palace အား ယာယီ ပိတ်ထားမည်

ထိုင်းနိုင်ငံရှိ Grand Palace ပြင်ပတွင် ချီတက်နေသည့် တော်ဝင်တပ်ဖွဲ့အား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ ဘုရင်ဟောင်း ဘူမိဘော အဒူလျာဒတ်၏ တော်ဝင် မီးသဂြိုလ်ခြင်း အခမ်းအနား ပြင်ဆင်ရေး အတွက် လာမည့်လ တစ်လလုံး Grand Palace အတွင်း ကြည့်ရှုခွင့်ကို ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၁ ရက်က Royal Household ဗျူရို၏ ထုတ်ပြန်ချက်အရ Grand Palace နှင့် ကပ်လျက်ရှိသော Emerald Buddha ဘုရားကျောင်းအတွင်း ဝင်ရောက် ကြည့်ရှုခွင့်အား စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၃၀ ရက်အထိ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။

တော်ဝင် မီးသဂြိုလ်ခြင်း အခမ်းအနားအား Sanam Luang ကွင်းအနီးတွင် အောက်တိုဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.