Asia
မော်ဒိုက်သမ္မတဟောင်းအား ထောင်ဒဏ် ၁၉လချမှတ်

မာလီ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
မော်လ်ဒိုက်နိုင်ငံ ရာဇဝတ်တရားရုံး က မော်လ်ဒိုက်သမ္မတဟောင်း Maumoon Abdul Gayoom သည် ဝတ္တရားနှောင့်ယှက်မှုဖြင့် အပြစ်ရှိကြောင်း ထင်ရှားသဖြင့် ၎င်းအား ဇွန် ၁၃ ရက်တွင် ထောင်ဒဏ် ၁၉လ ချမှတ်ခဲ့ကြောင်း သိရသည်။
တရားသူကြီးချုပ် Abdulla Saeed နှင့် တရားသူကြီး Ali Hameed တို့ကိုလည်း အသီးသီး ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်းသိရသည်။ ၎င်းတို့၃ဦးသည် လက်ကိုင်ဖုန်းများအား စုံစမ်းစစ်ဆေးရန် အတွက် ရဲတပ်ဖွဲ့ထံ ပေးအပ်ရန် ငြင်းဆန်ခဲ့သည့် အမှုဖြင့် စွဲချက်တင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
သမ္မတဟောင်း Gayoom အား လက်ရှိအစိုးရကို ဖြုတ်ချရန် ကြံစည်မှုဖြင့် ဖေဖော်ဝါရီလတွင် မြို့တော်မာလီမြို့ရှိ ၎င်း၏ နေအိမ်မှ ခေါ်ဆောင်ကာ ထိန်းသိမ်းထားခဲ့ပြီး ၎င်း၏ သမက်ဖြစ်သူကိုလည်း ၎င်း နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)