Asia
မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် က စစ်ရေး နည်းဗျူဟာမြောက် ဒုံးကျည် အမျိုးအစားသစ် ပစ်လွှတ်မှု အား သွားရောက် ကြည့်ရှု
ပြုံယမ်း ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း က သြဂုတ်လ ၆ ရက် နံနက်ပိုင်း အချိန်တွင် စစ်ရေး နည်းဗျူဟာမြောက် ဒုံးကျည် အမျိုးအစားသစ် ပစ်လွှတ်မှု ကို သွားရောက် ကြည့်ရှု ခဲ့ပြီး ယင်းဆောင်ရွက်မှု က အမေရိကန် နှင့် တောင်ကိုရီးယား နိုင်ငံ တို့ ဆောင်ရွက်နေသော စစ်ရေး လေ့ကျင့်မှု အပေါ် သင့်တော်သော သတိပေးမှု တစ်ရပ် ဖြစ်ကြောင်း သတင်းဖော်ပြချက် အရ သိရှိရသည်။
သတင်းဖော်ပြချက် အရ စစ်ရေး နည်းဗျူဟာမြောက် ဒုံးကျည် နှစ်စင်း အား မြောက်ကိုရီးယား နိုင်ငံ အနောက်ပိုင်း စစ်ဆင်ရေး လေဆိပ် မှ ပစ်လွှတ် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဒုံးကျည် က မြောက်ကိုရီးယား နိုင်ငံ မြို့တော် နှင့် အလယ်ပိုင်း ဒေသ အား ဖြတ်ကျော်၍ နိုင်ငံ အရှေ့ပိုင်း ပင်လယ်ပြင် ရှိ ကျွန်းပေါ် က ပစ်မှတ် အား တိကျ စွာ ထိမှန် ခဲ့ကြောင်း ၊ ယခု ပစ်လွှတ်မှု မှ တစ်ဆင့် ဒုံးကျည် အမျိုးအစား သစ် ၏ ယုံကြည်မှု ၊ လုံခြုံမှု နှင့် လက်တွေ့ တိုက်ခိုက်နိုင်မှု စွမ်းရည် တို့အား အသိအမှတ် ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။
မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် က ယင်း ဒုံးကျည် ပစ်လွှတ်မှု အပေါ် မြင့်မားစွာ အသိအမှတ်ပြုခဲ့ပြီး ယခု စစ်ရေး ဆောင်ရွက်မှု က အမေရိကန် နှင့် တောင်ကိုရီးယား ၏ ပူးတွဲ စစ်ရေး လေ့ကျင့်မှု အပေါ် သင့်တော်သော သတိပေးမှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ထို့ပြင် သတင်းဖော်ပြချက်များအရ မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် အနေဖြင့် ဇူလိုင်လ ၃၁ ရက် နှင့် သြဂုတ်လ ၂ ရက် တို့တွင် မြောက်ကိုရီးယား နိုင်ငံ မှ အသစ် ထုတ်လုပ် ထားသည့် အကြီးစား ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု များကို လည်း သွားရောက် လေ့လာ ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။(Xinhua)