Connect with us

Asia

မြောက်ကိုရီးယားခေါင်းဆောင် ယခုနှစ်အတွင်း တောင်ကိုရီးယားသို့ လာရောက်ရန်ခက်ခဲဟန်ရှိဟုဆို

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (ဝဲ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ စက်တင်ဘာလ ၁၈ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်ရန် ခက်ခဲနိုင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား အိမ်ပြာတော်မှ ဒီဇင်ဘာလ ၁၂ ရက်က ပြောကြားလိုက်သည်။

ယခုနှစ်အတွင်း ကင်အနေဖြင့် ဆိုးလ်သို့ လာရောက်ရန် ခက်ခဲဟန်ရှိကြောင်း အိမ်ပြာတော် အဆင့်မြင့်တာဝန်ရှိသူက သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော်လည်း လာမည့်နှစ် ဇန်နဝါရီလတွင် တောင်ကိုရီးယားနိုင်ငံသို့ လာရောက်မည့် ကင်၏ခရီးစဉ်မှာမူ ဖြစ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပြုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ စက်တင်ဘာလက တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်တို့ တတိယအကြိမ် ထိပ်သီးအစည်းအဝေးပြီးနောက် တောင်ကိုရီးယားသို့ ဆောလျင်စွာ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ကင်က ကတိပြုခဲ့သည်။

ယခုနှစ်မကုန်မီ တောင်ကိုရီးယားသို့ ကင် လာရောက်လည်ပတ်ရန် မွန်က မျှော်လင့်ထားကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.