Asia
လာမည့်ရက်သတ္တပတ်တွင် အမေရိကန်သို့ ထိုင်းဝန်ကြီးချုပ်သွားရောက်ကာ အမေရိကန်သမ္မတ နှင့် တွေ့ဆုံဆွေးနွေးမည်
ဘန်ကောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ သည် အမေရိကန်နိုင်ငံ သို့ လာမည့်ရက်သတ္တပတ်တွင် တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ဒုတိယပြောရေးဆိုခွင့်ရှိသူ Werachon Sukondhapatipak က စက်တင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။
ပရာယွတ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂ရက်တွင် ဝါရှင်တန်မြို့သို့ သွားရောက်မည်ဖြစ်ပြီး အောက်တိုဘာ ၄ ရက်နေ့အထိ နေထိုင်သွားမည်ဖြစ်ကြောင်း အစိုးရအိမ်တော်၌ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ နှင့် ထိုင်းဝန်ကြီးချုပ် တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်း လုံခြုံရေး နှင့် လက်ရှိ ဒေသတွင်အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း Werachon ကပြောကြားခဲ့သည်။
၂၀၁၇ခုနှစ်အစောပိုင်းတွင် ထိုင်းဝန်ကြီးချုပ် နှင့် အမေရိကန်သမ္မတ တို့ တယ်လီဖုန်းပြောကြားစဉ် ထရမ့်က ၎င်းနိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့ကြောင်း Werachon ကပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ သို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်အပါအဝင် ဒုတိယဝန်ကြီးချုပ် Somkid Jatusripitak၊ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai၊ ပြည်ထဲရေးဝန်ကြီး Anupong Paochinda နှင့် စီးပွားရေးဝန်ကြီး Apiradi Tantraporn တို့ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)