Asia
သီရိလင်္ကာနိုင်ငံ ပေါက်ကွဲမှုအတွင်း သေဆုံးသူ ဆက်လက်မြင့်တက်

ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ၌ ဧပြီလ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများအတွင်း သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်လျက်ရှိရာ ယခုအခါ ၁၃၈ ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် ဒဏ်ရာရသူအရေအတွက်မှာလည်း လူ ၅၀၀ ဦးခန့်ရှိလာပြီဖြစ်ကြောင်း ဆေးရုံ သတင်းရင်းမြစ်များအား ကိုးကား၍ ဒေသခံမီဒီယာများက သတင်းဖော်ပြထားသည်။
သေဆုံးသူများအနက် နိုင်ငံခြားသား ၉ ဦး ပါဝင်ပြီး ဒဏ်ရာရသူများအနက် နိုင်ငံခြားသား ၁၃ ဦး ပါဝင်ကြောင်း ဆေးရုံ သတင်းရင်းမြစ်များက ပြောခဲ့သည်။ (Xinhua)