Asia
သီရိလင်္ကာနိုင်ငံတွင် ပေါက်ကွဲမှုများ ဖြစ်ပွား၊ အနည်းဆုံး လူ ၅၀ သေဆုံး

ကိုလံဘို၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံရှိ ဘုရားကျောင်းနှင့် ဟိုတယ်အချို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
မြို့တော် ကိုလံဘိုရှိ စိန့်အန်တိုနီ ဘုရားကျောင်းတွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ကန်တာနာရှိ ဘုရားကျောင်း၌လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ရူဝမ်ဂူနာစီကာရာ (Ruwan Gunasekara) က အစောပိုင်း၌ ပြောခဲ့သည်။
ထို့ပြင် ကိုလံဘိုမြို့တော်ရှိ အဆင့်မြင့် ဟိုတယ်အချို့၌လည်း ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို ရုပ်သံရိုက်ကူးတင်ပြထားသည်ကို သတင်း၌ ဖော်ပြထားသည်။
ဒဏ်ရာရသူများအား အနီးဝန်းကျင်ရှိ ဆေးရုံများသို့ ပို့ဆောင်ထားကြောင်းနှင့် ယင်းနေရာများအား ဖြတ်သန်းသွားလာခွင့်ပိတ်ထားလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ (Xinhua)