Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ရထားတွဲချော်မှုဖြစ်ပြီးနောက် လူ ၁၃ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံ ဥသာပရာဒက်ရှ်ပြည်နယ်တွင် ရထားတွဲချော်မှုဖြစ်ပွားမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းဥသာပရာဒက်ရှ်ပြည်နယ်တွင် ဧပြီလ ၂၀ ရက် အစောပိုင်းက ခရီးသည်တင် ရထားတစ်စင်း တွဲချော်မှုကြောင့် ခရီးသည် ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ဒေလီမြို့သို့ သွားသော Poorva အမြန်ရထားမှာ လပ်ခ်နောင်းမြို့ အနောက်ဘက် ၁၀၃ ကီလိုမီတာခန့်အကွာရှိ ကန်ပါခရိုင်၊ ကန်ပါနာဂါအနီး တွဲ ၁၂ တွဲ ချော်ကျခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။

“ရထားတွဲချော်မှုမှာ လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး သူတို့တွေကို ကန်ပါဆေးရုံပို့ထားပါတယ်” ဟု ခရိုင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ရထားတွဲချော်မှုမှာ ဧပြီလ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁း၀၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ အဆိုအရ သိရသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ သေဆုံးသူမရှိကြောင်း ရထားလုပ်ငန်း အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက နိုင်ငံပိုင် All India Radio (AIR) အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

ထို့ပြင် တာဝန်ရှိသူများက လမ်းကြောင်းပေါ်ရှိ ရထား ၁၃ စင်းအား လမ်းလွှဲပေးခဲ့ရပြီး ရထားတစ်စင်းကိုမူ ခရီးစဉ်ဖျက်လိုက်ရကြောင်း သိရသည်။ (Xinhua)