Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ လုံခြုံရေးဝန်ကြီး တိုက်ခိုက်ခံရ

အင်ဒိုနီးရှားနိုင်ငံ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝီရန်တိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ်တွင် အောက်တိုဘာ ၁၀ ရက်၌ လုပ်ကြံသူများက ဓားဖြင့် တိုက်ခိုက်မှုကြောင့် လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝီရန်တို (Wiranto) ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဗိုလ်မှူးချုပ် ဒဲဒီ ပရာဆတ်ယို (Dedi Prasetyo) က ပြောခဲ့သည်။

လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီးချုပ် ဝီရန်တိုသည် ဘန်တန်ပြည်နယ် Pandeglang ခရိုင် Alun-Alun ပန်းခြံတွင် ဒေသခံများနှင့် လက်ဆွဲနှုတ်ဆက်ရန် လုပ်ဆောင်နေစဉ် ဒေသစံတော်ချိန် နံနက် ၁၁ : ၅၅ နာရီက အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ဝန်ကြီးက လူထုနဲ၌ တွေ့ဆုံဖို့ ကြိုးစားနေတုန်းမှာ ပြစ်မှုကျူးလွန်သူ ၂ ဦးက ရုတ်တရက် လုပ်ကြံခဲ့တာပါ” ဟု ဒဲဒီက ပြောခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အခြားလူ ၃ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဝီရန်တိုက ခန္ဓာကိုယ်ရှေ့ပိုင်း၊ ခရိုင်ရဲမင်းကြီး အဒရီယန်တို (Adrianto) က နောက်ကျောဘက်တွေမှာ ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ အဂျီဖျူရယ် (Aji Fual) လည်း ဒဏ်ရာရရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်၍ အမျိုးသား တိုက်ခိုက်သူဆိုလျှင် “အစွန်းရောက် အိုင်အက်စ်များ၏ ဟောပြောမှုများ လွှမ်းမိုးခံနေရသည်ကို တွေ့ရကြောင်း ပြောခဲ့သည်။

အဆိုပါ တိုက်ခိုက်သူနှစ်ဦးနှင့် နောက်ကွယ်မှ အဖွဲ့အစည်းကို ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဒေသခံ TV One သို့ ပြောခဲ့သည်။

တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ဝန်ကြီးနှင့် အခြားသူများအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လုပ်ကြံသူများအား ထိန်းသိမ်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.