Asia
အင်ဒိုနီးရှားအလယ်ပိုင်းတွင် မြေပြိုမှုကြောင့် လူ ၃ဦးသေဆုံး

ဂျာကာတာ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အင်ဒိုနီရှားနိုင်ငံ တောင်ဘက်စွန်း ရှိ East Nusa Tenggara ပြည်နယ် တွင် နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ ရွာသား ၃ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြေပြိုမှုသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho ကပြောကြားခဲ့သည်။
Sutopo က ဘေးအန္တရာယ်သင့် ဒေသများရှိ ရွာသားများထံသို့ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပါက မြေပြိုမှု နှင့် ရေကြီးမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)