Connect with us

Asia

တရုတ် နှင့် စင်ကာပူ တို့လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် အဆင့်မြင့်တင်ခြင်းဆိုင်ရာ စာချုပ်စာတမ်းများအား လက်မှတ်ရေးထိုး

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဝဲ) နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း (ယာ) တို့အား စင်ကာပူနိုင်ငံ ၌ နိုဝင်ဘာ ၁၂ ရက်ကတွေ့ဆုံစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် စင်ကာပူနိုင်ငံ နှစ်နိုင်ငံစလုံးသည် ဆွေးနွေးညှိနှိုင်းမှုများကို အပြီးသတ်လုပ်ဆောင်ပြီးနောက် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) အဆင့်မြှင့်တင်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်စာတမ်းများကို နိုဝင်ဘာ ၁၂ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း သည် တွေ့ဆုံမှုများအပြီး လက်မှတ်ရေးထိုးပွဲ၌ သက်သေအဖြစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လီသည် ၎င်း၏ပထမဆုံးခရီးစဉ်အဖြစ် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၁၂ရက်အစောပိုင်းတွင်ရောက်ရှိလာခဲ့ပြီး လွတ်လပ်သော ကုန်သွယ်မှု နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဟု ခန့်မှန်းရသည်။

လီရှန်လွန်းနှင့် တွေ့ဆုံစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် က FTA အဆင့်မြှင့်တင်ခြင်းဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများ အပြီးသတ်ဆောင်ရွက်ခြင်းမှ အခွင့်အလမ်းကောင်းများကို နှစ်ဖက်စလုံးမှ အရယူနိုင်ပြီး အပြန်အလှန်ကုန်သွယ်မှုများ မြှင့်တင်ကာ ရင်းနှီးမြှုပ်နှံမှုအား မြင့်မားသော အဆင့်တစ်ခု အထိ ရောက်ရှိအောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

လီရှန်လွန်းက FTA အား အဆင့်မြှင့်တင်ခြင်းသည် နှစ်နိုင်ငံ ပြည်သူများနှင့် ကုမ္ပဏီများအတွက် အကျိုးရလဒ်များကို အမှန်တကယ်ဆောင်ကျဉ်းပေးနိုင်ပြီး ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးချဲ့လုပ်ဆောင်မှုအတွက် ၎င်းတို့၏ စီးပွားရေးစနစ်များ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြာင်း ပြောကြားခဲ့သည်။

လီခဲ့ချန်၏ စင်ကာပူခရီးစဉ်အတွင်း ၎င်းသည် ၂၁ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ခေါင်းဆောင်များအစည်းအဝေး၊ ၂၁ကြိမ်မြောက် အာဆီယံ-တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား (၁၀+၃) ခေါင်းဆောင်များအစည်းအဝေး နှင့် ၁၃ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးများတို့ သို့ တက်ရောက်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.