Asia
အစိုးရဝန်ထမ်းများ ရုံးချိန်အတွင်းဂိမ်းကစားမှုကို ဖိလစ်ပိုင်နိုင်ငံက တားမြစ်
မနီလာ ၊ မတ် ၇ ရက်(ဆင်ဟွာ)
အစိုးရဝန်ထမ်းများ အလုပ်ချိန်အတွင်း အွန်လိုင်းဂိမ်းကစားခြင်းကိုတားမြစ်ကြောင်း၊ စည်ကမ်း လိုက်နာမှုမရှိသူများအား အလုပ်တာဝန်မှ ခေတ္တရပ်နားခြင်း သို့မဟုတ် ထုတ်ပစ်သည်အထိ အရေးယူ သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ဝန်ထမ်းရေးရာကော်မရှင်(CSC)က မတ်လ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဖိလစ်ပိုင်အစိုးရဝန်ထမ်းအားလုံး အလုပ်ချိန်အတွင်း ဌာနဆိုင်ရာကွန်ပြူတာ သို့မဟုတ် ကိုယ်ပိုင်ကွန်ပြူတာ ၊ လက်ကိုင်ဖုန်းများဖြင့် ဂိမ်းကစားခြင်းကို ခွင့်မပြုကြောင်း ၊ ထိုသို့လုပ်ဆောင်မှု ကိုလည်း အများအကျိုးကိုထိခိုက်နစ်နာစေသည့် တာဝန်လစ်ဟင်းမှုဟု ယူဆမည်ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သူများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ဝန်ထမ်းရေးရာကော်မရှင်(CSC) အကြီးအကဲ Aileen Lizadaက ပြောကြားခဲ့သည်။
ဝန်ထမ်းရေးရာကော်မရှင်၏သက်ဆိုင်ရာ ဥပဒေစည်းကမ်းများအရ မည်သည့်အစိုးရဝန်ထမ်းမဆို တာဝန်လစ်ဟင်းစေသည့်ဂိမ်းကစားခြင်းကို ပထမဆုံးအကြိမ်တွေ့ရှိရပါက အလုပ်တာဝန်ကို ၆ လမှ ၁ နှစ်အထိ ခေတ္တရပ်ဆိုင်းမည်ဖြစ်ပြီး ထပ်မံစည်းကမ်းဖောက်ဖျက်သည်ကိုတွေ့ရှိရပါက ရာထူးမှထုတ်ပယ်သွားမည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Naval မြို့တွင် အစိုးရဝန်ထမ်းများ ရုံးချိန်အတွင်း အွန်လိုင်းဂိမ်းကစားမှု ကြောင့် တိုင်ကြားမှုများရှိသည်ဟု Naval မြို့၏ မြို့တော်ဝန်က ယခုရက်ပိုင်းများတွင် ပြောကြားခဲ့ ကြောင်း သိရသည်။
ဖိလစ်ပိုင်ဝန်ထမ်းရေးရာကော်မရှင်(CSC)သည် အစိုးရဝန်ထမ်းများအား တာဝန်ယူ စောင့်ကြည့် ကြပ်မတ်သည့် ဌာနဖြစ်ကြောင်း သိရသည်။ (Xinhua)