Connect with us

Asia

အပူပိုင်း ဆိုင်ကလုန်း ဖန်နီ ကြောင့် အိန္ဒိယနိုင်ငံတွင် သေဆုံးသူ ၆၄ ဦးအထိ မြင့်တက်လာ

မုန်တိုင်းအပြီး Odisha ပြည်နယ် Puri ဒေသ၏ မြင်ကွင်းတစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ မေ ၁၃ ရက်(ဆင်ဟွာ)

အပူပိုင်းဆုင်ကလုန်း ဖန်နီကြောင့် အိန္ဒိယနိုင်ငံတွင် သေဆုံးသူ ဦးရေသည် ၆၄ ဦးအထိရောက်ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၂၄၁ ဦး ရှိကြောင်း အိန္ဒိယနိုင်ငံ Odisha ပြည်နယ် အစိုးရက မေ ၁၂ ရက် တွင် အတည်ပြုခဲ့သည်။

Odisha ပြည်နယ် Puri ဒေသသည် မုန်တိုင်းဒဏ်အဆိုးဝါးဆုံးခံရသည့်နေရာဖြစ်ပြီး လူ ၃၉ ဦး သေဆုံးခဲ့ကြောင်း ၊ ဒုတိယအနေဖြင့် Cuttackဒေသဖြစ်ပြီး လူ ၉ ဦး သေဆုံးခဲ့ကြောင်း ၊ ယခုအခါ ၎င်းဒေသနှစ်ခုတွင် သေဆုံးသ ၁၈ ဦးနှင့် ၄ ဦး အသီးသီး ထပ်တိုးလာကြောင်း ယင်းပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက အတည်ပြုခဲ့သည်။

သေဆုံးသူ ၆၄ ဦးတွင် နံရံပြိုကျမှုကြောင့် ၂၅ ဦး၊ သစ်ပင်လဲကျ ပိမိမှုကြောင့် ၂၀ ဦး ၊ အိမ်ခေါင်မိုးပြိုကျမှုကြောင့် ၆ ဦး အသီးသီးသေဆုံးခဲ့ကြောင်း သိရသည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ကျေးရွာပေါင်း ၁၈၀၀၀ ကျော်၊ မြို့ဒေသ ၅၂ ခုမှ လူ ပေါင်း ၁၆.၅ သန်းခန့် မုန်တိုင်းဒဏ်သင့်ခဲ့ရာ ၊မိသားစုပေါင်း ၅ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သိရသည်။

ဆုင်လုန်းမုန်တိုင်း ဖန်နီသည် Odishaပြည်နယ် Puri ဒေသကို ယခုလ ၃ ရက် နံနက်ပိုင်းက စတင် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုနေ့ညတွင်ပင် West Bengal ပြည်နယ်သို့ တိုက်ခတ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အိန္ဒိနိုင်ငံသည် ပြင်းထန်သည့် အပူပိုင်း ဆုင်ကလုန်း မုန်တိုင်းဒဏ်များကို ခံခဲ့ရသည်။ ၁၉၉၉ ခုနှစ် တွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် Odishaပြည်နယ်၌ လူ ၁ သောင်းခန့်သေဆုံးခဲ့သလို ၂၀၁၃ နှစ်တွင် လည်း အိန္ဒိယအရှေ့ဘက်ကမ်းရိုးတန်းကို မုန်တိုင်းဝင်ရောက်မှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.