Connect with us

Asia

အအေးခံ ဟင်းသီးဟင်းရွက် အိတ်ပေါင်း ၂၅၀,၀၀၀ ကို ဂျပန် အစားအသောက် ကုမ္ပဏီ ပြန်လည် သိမ်းဆည်း

အအေးခံထားသော ဟင်းသီး ဟင်းရွက်များအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

တိုကျို၊ မေ ၁၁ ရက် (ဆင်ဟွာ)

ဘက်တီးရီးယားပိုး ပေါက်ဖွားမှုများ ဖြစ်နိုင်ခြေရှိသောကြောင့် အအေးခံထားသော ဟင်းသီးဟင်းရွက် အိတ်ပေါင်း ၂၅၀,၀၀၀ အား ပြန်လည် သိမ်းဆည်းခဲ့ကြောင်း ဂျပန်နိုင်ငံ အအေးခံ အစားအသောက် ကုမ္ပဏီ Nichirei က ကြေညာထားကြောင်း ဒေသဆိုင်ရာ မီဒီယာက မေလ ၁၁ ရက်က ဖော်ပြထားသည်။

အဆိုပါ ဟင်းသီး ဟင်းရွက်များတွင် အစာအဆိပ်သင့်စေသော monocytogenes ပိုးတစ်မျိုးအား တွေ့ရှိကြောင်း သံသယရှိသည့်အတွက် ပြန်လည် သိမ်းဆည်းရခြင်း ဖြစ်ကြောင်း သိရသည်။
အအေးခံထားသော ပြောင်းဖူးများ အပါအဝင် ထို ဟင်းသီးဟင်းရွက်များအား အထူးသဖြင့် ဟော့ကိုင်းဒိုးနှင့် ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်ပိုင်းသို့ ဖြန့်ချိထားပြီး ဖြစ်သည်။
စားသုံးသူများ အနေဖြင့် ၎င်း အအေးခံ ဟင်းသီး ဟင်းရွက်များ အတွက် ပြန်အမ်းငွေ ရရှိရန် ကုမ္ပဏီထံသို့ မေးလ် ပြန်ပို့ရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.