Connect with us

Asia

အိန္ဒိယ နိုင်ငံ တွင် တည်ဆောက်နေဆဲ တံတား တစ်စင်း ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၆ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ Uttar Pradesh ပြည်နယ် တွင် တည်ဆောက်နေသည့် တံတား တစ်စင်း က မေလ ၁၅ ရက်နေ့ ၌ ပြိုကျမှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Uttar Pradesh ပြည်နယ် တွင် တည်ဆောက်နေသည့် တံတား တစ်စင်း က မေလ ၁၅ ရက်နေ့ ၌ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၆ ဦး သေဆုံး ခဲ့ပြီး အပျက်အစီးများ အောက်တွင် လူအများအပြား နစ်မြုပ်နေကြောင်း သိရသည်။

အိန္ဒိယ နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်တွင် ပြိုကျ ခဲ့သည့် တံတား မှာ Uttar Pradesh ပြည်နယ် Varanasi ရှိ ရထား ဘူတာရုံ တစ်ခု အနီးတွင် တည်ရှိပြီး ပြည်နယ် မြို့တော် နှင့် ကီလိုမီတာ ၃၀၀ ကွာဝေးကြောင်း ၊ Uttar Pradesh ပြည်နယ် ဝန်ကြီးချုပ် Yogi Adityanath က တံတား ပြိုကျမှု ဖြစ်ပွား ပြီးနောက်တွင် သက်ဆိုင်ရာ အစိုးရ ဌာန များအား ကယ်ဆယ်ရေး လုပ်ငန်း ကို ပိုမို လျင်မြန်စွာ ဆောင်ရွက်ကြရန် ညွှန်ကြားထားကြောင်း ၊ ပြည်နယ် ဒုတိယ ဝန်ကြီးချုပ် အနေဖြင့် အခင်းဖြစ်ပွားရာ နေရာ သို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်း ကို ညွှန်ကြားမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဒေသတွင်း အစိုးရ အနေဖြင့်လည်း ကယ်ဆယ်ရေး အဖွဲ့တွင် ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ အနေဖြင့်လည်း တံတား ပြိုကျမှုကြောင့် လူများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့သည့် အပေါ် ဝမ်းနည်းကြောင်း ၎င်း၏ လူမှုကွန်ယတ် စာမျက်နှာ တွင် ဖော်ပြ ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်း အတွက် သက်နိုင်သမျှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦး က လက်ရှိချိန်တွင် တံတား ပြိုကျမှုကြောင့် လူပေါင်း ၁၆ ဦး သေဆုံးခဲ့သည် ကို အတည်ပြုနိုင်ခဲ့ပြီး လူအများ မှာ တံတား ပြိုကျမှုကြောင့် နစ်မြုပ်နေကြ သဖြင့် သေဆုံးသူ စာရင်း ပိုမို မြင့်တက် လာနိုင်ကြောင်း ပြောကြား ခဲ့သည်။

တံတား ပြိုကျမှု ဖြစ်စဉ် ကို မြင်တွေ့ခဲ့ရသူ တစ်ဦး က အပျက်အစီးများ အောက်တွင် နစ်မြုပ်နေသည့် လူအများစု မှာ ဆောက်လုပ်ရေး အလုပ်သမား နှင့် သွားလာသူများ ဖြစ်ကြပြီး တံတား ပြိုကျသည့် အပိုင်းအစ များ က ကားအချို့ပေါ် ပြုတ်ကျ ခဲ့ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.