Asia
အိန္ဒိယတွင် ကလေး၂ဦး မိဘများမရှိစဉ် အဝတ်လျှော်စက်ထဲပြုတ်ကျသေဆုံး
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၃နှစ်အရွယ် အမွှာ ၂ဦးအား ၎င်းတို့၏ မိဘများက အိမ်၌ မိနစ်ပိုင်းခန့် ထားခဲ့ပြီး ပြန်ရောက်လာစဉ် အဝတ်လျှော်စက်အတွင်းသို့ ပြုတ်ကျနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ယင်းမတော်တဆဖြစ်ရပ်သည် နယူးဒေလီ မြို့ Rohini ဒေသတွင် ဖေဖော်ဝါရီ ၂၅ရက်ကဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်တစ်ဦးက “ဒီနေ့ နေ့လည်ပိုင်းက Rohini ဒေသ Avantika တိုက်ခန်း တစ်ခန်းမှာ ကလေးငယ် ၂ဦး အဝတ်လျှော်စက်ထဲ ပြုတ်ကျခဲ့တယ်လို့ သိခဲ့ရပါတယ်” ဟုပြောကြားခဲ့သည်။
၎င်းက “ ကလေးတွေရဲ့အမေ က အိမ်နားက ဆိုင်မှာ ဆပ်ပြာမှုန့်ဝယ်ဖို့အတွက် ကလေးတွေကို အိမ်မှာ ခဏထားခဲ့တာပါ” ဟုပြောကြားခဲ့သည်။
ယင်းရဲတပ်ဖွဲ့ဝင်က “ ကလေးတွေရဲ့ အမေ ဈေးကပြန်လာတဲ့ အခါ ကလေးတွေကို မတွေ့ရတော့ သူမရဲ့ခင်ပွန်းကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။ ကလေးတွေရဲ့ အဖေက ရုံးကချက်ချင်းပြန်လာပြီး ရှာဖွေတဲ့အခါ ကလေး၂ယောက်ကို အဝတ်လျှော်စက်ထဲမှာ ရှာတွေ့ခဲ့ပါတယ်” ဟု မျက်မြင်သက်သေများ၏ ပြောကြားချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။
“ကလေး ၂ယောက်ကို နီးစပ်ရာဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပေမယ့် လမ်းမှာတင် သေဆုံးသွားကြောင်း ဆရာဝန်များက အတည်ပြုပေးခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရဲအရာရှိများက ရေအပြည့်ဖြည့်ထားသည့် အဝတ်လျှော်စက်အတွင်းသို့ ကလေး၂ဦး မည်သို့ ပြုတ်ကျသွားသည်ကို စုံစမ်းစစ်ဆေးနေကြောင်း မီဒီယာများသို့ပြောကြားခဲ့သည်။ (Xinhua)