Connect with us

Asia

ဗီယက်နမ်၌ အိမ်မီးလောင်မှုဖြစ်ပွားရာ ၄ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံ ၌ နေအိမ်မီးလောင်မှု ဖြစ်ပွားနေသော မြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟိုချီမင်းစီးတီး ၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ်၌ ယနေ့(ဖေဖော်ဝါရီလ ၂၆ ရက်) နံနက်အစောပိုင်းက လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ ဇနီးမောင်နှံ ၂ ဦး နှင့် ၎င်းတို့၏ ရင်သွေးငယ် ၂ ဦးသေဆုံးသွားကြောင်း သိရသည်။

ညသန်းခေါင်းယံ ကျော်အချိန်တွင် လောင်ကျွမ်းခဲ့သော မီးကြောင့် အိမ်ပိုင်ရှင် ဇနီးမောင်နှံ နှင့် ၎င်းတို့၏ အသက် ၃ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ အသက်ဆုံးရှုံးခဲ့ရကြောင်း မြို့နယ်ရဲတပ်ဖွဲ့ကဆိုသည်။

မီးလောင်ကျွမ်းသည့်နေအိမ်ကို မီးဝိုင်းဝန်းငြှိမ်းသတ်ရန်အတွက် လူပေါင်းများစွာရောက်ရှိလာသော်လည်း အိမ်ဝင်ပေါက် တံခါး နှစ်ချပ်မှာ သော့ခတ်ထားသဖြင့် အထဲသို့ဝင်မရဖြစ်ခဲ့ရသည်။ မီးသတ်သမားများက အိမ်ထဲသို့ကြိုးစားဝင်ရောက်သွားချိန်တွင် အိမ်သား ၄ ဦးမှာ သေဆုံးနေပြီဖြစ်ကြောင်း နှင့် အိမ်ရှင်အမျိုးသမီးသည် ၎င်း၏ ရင်သွေးငယ်တစ်ဦးကို ရင်ခွင်ထဲပိုက်လျက် သေဆုံးနေကြောင်း မီးသတ်တပ်ဖွဲ့က တွေ့ရှိခဲ့ရသည်။

၂ဝ၁၆ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ မီးလောင်မှုပေါင်း ၃၂၅၆ မှုဖြစ်ပွားခဲ့ကြောင်း ၊ လူပေါင်း ၁၃၅ ဦးသေဆုံးပြီး ၂၇၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ မီးဘေးကြောင့် ဗီယက်နမ်ဒေါင် ၁၄၇၄ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆၆.၁ သန်း ) ဆုံးရှုံးခဲ့ရကြောင်း ဗီယက်နမ်နိုင်ငံ မီးဘေးကြိုတင်တားဆီးရေး နှင့် မီးသတ်ဦးစီးဌာနက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.