Connect with us

Asia

အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ယာဉ်မတော်တဆမှု ကြောင့် လူ ၁၀ ဦးသေဆုံး

အိန္ဒိယနိုင်ငံ လမ်းများပေါ်တွင် ပြေးဆွဲနေသည့် ခရီးသည်အများအပြား တင်ဆောင်ထားသည့် သုံးဘီးဆိုင်ကယ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ်တွင် သုံးဘီးဆိုင်ကယ်တစ်စီး ရေတွင်းထဲသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုဖြစ်ရပ်သည် ပြည်နယ်မြို့တော် Hyderabad မှ ၁၇၀ ကီလိုမီတာအကွာရှိ Telangana ပြည်နယ် Nizamabad နယ်မြေ Mendora ကျေးရွာတွင် မတ်လ ၂၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“လူ ၁၄ ယောက် လိုက်ပါလာတဲ့ သုံးဘီးဆိုင်ကယ်ဟာ အရှိန်မြန်လွန်းပြီး မောင်းတဲ့သူက မထိန်းနိုင်တော့ဘဲ ရေတွင်းထဲ ပြုတ်ကျသွားခဲ့တာပါ” ဟု ရဲအရာရှိ တစ်ဦးက မတ်လ ၂၆ ရက်တွင် ပြောကြားလိုက်သည်။

“အမျိုးသမီး ၄ ယောက်နဲ့ ကလေး ၆ ယောက် အပါအဝင် လူ ၁၀ ယောက်လုံး ရေတွင်းထဲပြုတ်ကျပြီးတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဒဏ်ရာရသွားသူ ၄ ယောက်ကိုဒေသတွင်း ဆေးရုံကို တင်ထားပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Telangana ပြည်နယ် ဝန်ကြီးချုပ် K. Chandrashekhar Rao က သေဆုံးသူမိသားစုများထံ ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.