Asia
အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် ခရီးသည်တင်ရထား ၄ စီး ပြေးလမ်းချော်မှုကြောင့် လူ ၁၃ ဦး ဒဏ်ရာရ
နယူးဒေလီ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၏ တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်သော တမီလ် နာဒူအတွင်းရှိ ဗဲလ်လိုရီ ဧရိယာတွင် ခရီးသည်တင် ရထားတစ်စီး၏ တွဲလေးတွဲမှာ ဖေဖော်ဝါရီလ ၅ ရက် နံနက်ပိုင်းက ပြေးလမ်းချော်မှုကြောင့် အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုရထား၏ တွဲ လေးတွဲ ပြေးလမ်းချော်မှု အရှိန်ဖြင့် အဆိုပါ ရထား၌ ပါရှိသည့် အခြား ရထားတွဲ ၈ တွဲမှာ ထပ်မံပြေးလမ်းချော်ကျကာ ၃ တွဲမှာမူ တိမ်းမှောက်သွားခဲ့ကြောင်း ရဲအရာရှိက ပြောကြား ခဲ့သည်။
အာဏာပိုင်များသည် အဆိုပါ အခင်း ဖြစ်ပွားရာသို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များ အား ချက်ချင်းစေလွှတ်ခဲ့ပြီး ထိခိုက်သူများအား ဘတ်စ်ကားများနှင့် အထူးရထားတစ်စီးဖြင့် Bangalore မြို့သို့ ပို့ဆောင်ခဲ့ရသည်။
ယင်းဖြစ်စဉ်ကြောင့် ရထား ၁၁ စီး ခရီးစဉ် ဖျက်သိမ်းခဲ့ရပြီး ယင်းမတော်တဆမှု ဖြစ်ပွားရသည့် အကြောင်း ရင်းအား မသိရသေးကြောင်း ရထားဆိုင်ရာ အရာရှိကပြော သည်။ (Xinhua)