Connect with us

Asia

အင်ဒိုနီးရှားသည် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူများကို ဓာတုနည်းအရ သင်းကွပ် သည့် ဥပဒေ ချမှတ်မည်

အင်ဒိုနီးရှားသမ္မတ Joko Widodo အား အိန္ဒိယနိုင်ငံ ဒုတိယ သမ္မတ Mohammad Hamid Ansar နှင့် အတူ ဂျာကာတာမြို့ ၌တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသည် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူများကို အပြစ်ဒဏ်အဖြစ် ဓာတုနည်းအရ သင်းကွပ်သည့် ဥပဒေချမှတ်ခြင်းအား ခွင့်ပြုရန်အတွက် နီးကပ်လာပြီ ဖြစ်ကြောင်း နိုင်ငံ၏ ကလေးသူငယ်ကာကွယ်ရေး ကော်မရှင်၏ ပြောကြားချက်အရသိရသည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ Joko Widodo က ယင်း စည်းမျဉ်းဥပဒေအား ထည့်သွင်း အတည်ပြုရန် လုပ်ဆောင် နေပြီး အဆိုပါ ဥပဒေ စတင်အသက်ဝင်လာပါက ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူ မည်သူမဆို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်လို စိတ်များလျော့နည်းသွားစေရန် လိင်စိတ် နှင့် လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် များ ကိုလျှော့ချနိုင်သည့် ဟော်မုန်းတစ်မျိုးကို ထိုးသွင်း ကာ အပြစ်ပေးခြင်း တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံး အစ္စလာမ်ဘာသာထွန်းကားရာ နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့် နှစ်များတွင် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများနှင့် လိင်မှု ကိစ္စဆောင်ရွက် ရန် ဆွဲဆောင်သည့် အမှုကိစ္စများ ရှိခဲ့သည့် သက်သေများရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ နှင့် အိန္ဒိယနိုင်ငံသည် လိင်ပိုင်းဆိုင်ရာ ပြစ်မှု ကျုးလွန်ခြင်းမှ ကာကွယ်ရန် အလားတူ ဥပဒေ မျိုးကို လုပ်ဆောင်ရန် မကြာသေးမီကပင် ကြေညာခဲ့သေးသည်။ တောင်ကိုရီးယားနိုင်ငံကမူ ယင်း အပြစ်ဒဏ်ကို ၂၀၁၁ ခုနှစ်တွင် ခွင့်ပြုပေးပြီး အဆိုပါ ဥပဒေကို ကျင့်သုံးသည့် ပထမဆုံး အာရှနိုင်ငံ တစ်ခုဖြစ်လာကြောင်း သိရသည်။

ရုရှားနိုင်ငံ၊ ပိုလန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ ရှိ အချို့သော ပြည်နယ်များတွင် အလားတူ အပြစ်ဒဏ်မျုးိကို ခွင့်ပြုပေးခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.