Connect with us

Asia

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဓာတ်ငွေ့ဆလင်ဒါအိုး ပေါက်ကွဲမှုကြောင့် အဆောက်အဦပြိုကျ၊ လူ ၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပေါက်ကွဲမှုကြောင့် ပြိုကျနေသည့် အဆောက်အဦတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရပ်ကွက်တစ်ခုတွင် ဓာတ်ငွေ့ဆလင်ဒါအိုးပေါက်ကွဲမှုပြီးနောက် အဆောက်အဦတစ်လုံး ဇန်နဝါရီလ ၃ ရက်ညပိုင်းက ပြိုကျခဲ့ရာ လူ ၇ ဦး ထက်မနည်းသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ. သတင်းမျာအးရ သိရသည်။

ဒေလီမြို့ အနောက်ဘက် စူဒါရှန်ပန်းခြံဧရိယာရှိ အဆောက်အဦအတွင်း၌ လူအချို့ မျက်နှာကျက်ပန်ကာများ လုပ်ကိုင်နေစဉ် ရုတ်တရက် LPG (Liquefied petroleum gas) သို့မဟုတ် အိမ်သုံးဓာတ်ငွေ့ရည် ဆလင်ဒါအိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် အဆောက်အဦပြိုကျခဲ့ပြီး အတွင်း၌ အလုပ်လုပ်နေသူများ ပိတ်မိနေခဲ့သည်။

ရဲတပ်ဖွဲ့၏အဆိုအရ လူ ၁၅ ဦးခန့်ကို ကယ်ဆယ်ခဲ့ပြီး ဒေသခံ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ပေါက်ကွဲမှုတွင် လူ ၇ ဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်စွာရရှိသော လူ ၈ ဦးအား ဒေလီမြို့တောင်ပိုင်းရှိ Safdarjung ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အပျက်အစီးများအကြား လူအချို့ပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်နေဆဲဖြစ်သည်။

ပြိုကျသည့်အဆောက်အဦတည်ရှိရာနေရာမှာ လူနေထူထပ်သည့်အတွက် ထိခိုက်ဒဏ်ရာရသူများအား ကယ်ထုတ်ရန် လုပ်ဆောင်ရ ခက်ခဲကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.