Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အတိုက်အခံများ၏ သပိတ်မှောက်မှုကြားမှ ရွေးကောက်ခံ လွှတ်တော်အမတ်များ ကျမ်းသစ္စာကျိန်ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဆန္ဒမဲထည့်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒီဇင်ဘာလ ၃၀ ရက်က လွှတ်တော်ရွေးကောက်ပွဲပြီးနောက် အတိုက်အခံများ သပိတ်မှောက်နေသည့်ကြားမှ အသစ်ရွေးကောက်ခံထားရသော လွှတ်တော်အမတ်များက ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

မြို့တော် ဒါကာတွင် ဇန်နဝါရီလ ၃ ရက်တွင် ပြုလုပ်သော အဆိုပါ အခမ်းအနား၌ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) အပါအဝင် ဥပဒေပြုအမတ်များနှင့် လွှတ်တော် ဥက္ကဌ ရှီရင် ရှီရင် ချောင်ဒူရီ (Shirin Sharmin Chaudhury) တို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ခါလတ်ဒါဇီယာ (Khaleda Zia) ၏ Bangladesh Nationalist Party (BNP) ဦးဆောင်သော အဓိက အတိုက်အခံ မဟာမိတ် အမတ်များက ကျမ်းကျိန်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်းမရှိခဲ့ပေ။

ရွေးကောက်ပွဲကော်မရှင်ဂေဇက်အရ ဟာစီနာဦးဆောင်သော Awami League (AL) ပါတီက လွှတ်တော်နေရာ ၂၉၉ ရှိသည့်အနက် ၂၅၉ နေရာရရှိခဲ့ကြောင်း၊ ၎င်း၏ပါတီသည် ၁၉၉၆-၂၀၀၁ တွင် တစ်ကြိမ် အာဏာရရှိခဲ့ပြီးနောက်၂၀၀၉ ခုနှစ် ဇန်နဝါရီလကစတင်ကာ ငါးနှစ်သက်တမ်း ဆက်တိုက် သုံးကြိမ် အာဏာရရှိခဲ့ခြင်းဖြစ်သည်။

အဓိကအတိုက်အခံပါတီဖြစ်သော ခါလတ်ဒါ ဇီယာ၏ BNP ပါတီမှာ လွှတ်တော်နေရာ ၅ နေရာသာရရှိခဲ့ပြီး ၁၉၇၈ ခုနှစ်ကစ၍ ၎င်းတို့၏ နိုင်ငံရေးသမိုင်းကြောင်းတွင် မညီမျှဆုံး ရှုံးနိမ့်မှုအဖြစ် ကြုံတွေ့ခဲ့ရသည်။

BNP သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၉၉၁-၁၉၉၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၁-၂၀၀၆ ခုနှစ်တွင် တစ်ကြိမ် အာဏာရရှိခဲ့သည်။

ရွေးကောက်တွင် AL ၏ အဓိကမဟာမိတ်ဖြစ်သော Jatiya ပါတီသည် လွှတ်တော်နေရာ ၂၀ ရရှိခဲ့ပြီး BNP ၏ မဟာမိတ်ဖြစ်သော Gono Forum က ၂ နေရာရရှိခဲ့ကြောင်း သိရသည်။

BNP သည် ရွေးကောက်ပွဲရလဒ်များအား ညီမျှမှုမရှိကြောင်း စွပ်စွဲကာ ငြင်းပယ်ထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.