Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် လှေတိမ်းမှောက်ရာ လူ ၆ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ယခင်က တိမ်းမှောက်ခဲ့သည့် လှေတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ် ရှိ မြစ်တစ်စင်းတွင် လှေတိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၆ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၇ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ လှေသည် ခရီးသည်များကို တင်ဆောင်ပြီး Uttar Pradesh ပြည်နယ် Behta မြို့ ရှိ Saryu မြစ်အတွင်း သွားလာနေစဉ် အောက်တိုဘာ ၇ရက် နံနက်ပိုင်း၌ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူများတွင် ကလေး၂ဦးပါဝင်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ရေငုပ်သမားများဖြင့် ရှာဖွေဆယ်ယူခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။
Uttar Pradesh ပြည်နယ် Baghpat ခရိုင် ရှိ Yamuna မြစ်အတွင်း လွန်ခဲ့သည့် ရက်သတ္တပတ် ၃ပတ်က လူပိုတင်ဆောင်လာသော လှေတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၂၂ဦးသေဆုံးပြီးနောက် ယင်းဖြစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလှေတွင်ခရီးသည် ၆၀ဦး တင်ဆောင်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.