Connect with us

Asia

ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ကမ်းရိုးတန်းပြင်ပတွင် ပြင်းအား ၆.၀ အင်အားရှိသော ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက်မရှိသေး

ငလျင် တိုင်းတာမှု ကြိမ်နှုန်းပြ ဂရပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်ရှိ ဖူကူရှီးမားစီရင်စု ကမ်းရိုးတန်းပြင်ပတွင် ကနဦး တိုင်းတာချက် ပြင်းအား ၆.၀ အင်အားရှိသော ငလျင် တစ်ခု ယနေ့ (အောက်တိုဘာလ ၆ ရက်) လှုပ်ခတ်ခဲ့ကြောင်း ရာသီဥတု လုပ်ငန်းက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်အား ဂျပန် မိုးလေဝသလုပ်ငန်း (JMA) က ငလျင်သည် ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီအချိန်က လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး အဆင့်သတ်မှတ်ချက် ၂ အဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

ယင်း ငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း JMA က ဆိုသည်။

ငလျင်သည် မြောက်လတ္တီကျု ၃၇.၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၄၄.၀ ဒီဂရီ၊ အနက် ၆.၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ကြောင်း ယင်း လုပ်ငန်းက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံတစ်ဝန်း ငလျင် ပမာဏ တိုင်းတာချက်အရ ထို ငလျင်အား ဖူကာရှီးမား၊ ဟော့ကိုင်းဒိုး၊ အီဝါတီ၊ မီယာဂီ၊ အာကီတာနှင့် ယာမာဂါတာ အပါအဝင် ဂျပန်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ဒေသများ၌ အဆင့် ၁ နှင့် ၂ အကြား သတ်မှတ်ထားသည်။

ယင်း ငလျင်ကြောင့် အခြား ပျက်စီးမှု သို့မဟုတ် လူ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ ရှိကြောင်း ထုတ်ပြန်ထားခြင်း မရှိသေးသလို ငလျင်ဒဏ်ရှိသော အနီးဝန်းကျင်အတွင်းရှိ နျူကလီးယား စက်ရုံများမှလည်း ပုံမှန်မဟုတ်သော အခြေအနေ တစ်စုံတစ်ရာ ရှိသည့် သတင်းများ မတွေ့ရသေးကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.