Asia
အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် လူ ၅ ဦးသေဆုံး၊ ၇ ဦးဒဏ်ရာရ
နယူးဒေလီ၊ မေ ၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာရှ်ထရာပြည်နယ်တွင် လူအုပ်အတွင်းသို့ အရှိန်လွန် ထရပ်ကားတစ်စီး ဝင်တိုက်မိခြင်းကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မေလ ၁ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ ယာဉ်တိုက်မှုသည် မဟာရာရှ်ထရာပြည်နယ် မြို့တော် မွမ်ဘိုင်းမှ ၈၀၀ ကီလိုမီတာအကွာရှိ Bhandara ခရိုင် အမှတ် ၆ လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဧပြီလ ၃၀ ရက်ညပိုင်းမှာ ထရပ်ကားတစ်စီးက ရုတ်တရက်ရှေ့မှာပေါ်လာတဲ့ စက်ဘီးကို ရှောင်လိုက်ရာက လူအုပ်ထဲကို မောင်းမိသွားတယ်။ လူ ၅ ယောက်ကို ဝင်တိုက်ခဲ့ပြီး ဒဏ်ရာရသူတွေကို အစိုးရဆေးရုံထံ ပို့ထားတယ်” ဟု ရဲအရာရှိတစ်ဦ်းက ပြောခဲ့သည်။
အဆိုပါ သေဆုံး ဒဏ်ရာရသူအားလုံးမှာ မင်္ဂလာဆောင်တစ်ခုမှ ပြန်လာကြစဉ် ယခုလို ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ထို ယာဉ်တိုက်မှုဖြစ်ပွားရခြင်း အကြောင်းရင်းအား စုံစမ်းရန် ညွှန်ကြားထားကြောင်း၊ ယာဉ်မောင်းဖြစ်သူ ဆေးရုံကဆင်းလာလျှင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွားမည် ဖြစ်ပြီး လိုအပ်ပါက ၎င်းအား ယာဉ်ကို မဆင်မခြင် မောင်းနှင်မှုကြောင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)