Asia
အိန္ဒိယနိုင်ငံတွင် ပုဂ္ဂလိကပိုင် ဘတ်စ်ကားနှင့် ထရပ်ကားတိုက်မိ၍ လူ ၆ ဦးသေဆုံး၊ ၂၀ ဦး သေဆုံး
မွမ်ဘိုင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ ၂၅၃ ကီလိုမီတာအကွာရှိ Pune-Bengaluru အဝေးပြေးလမ်းပေါ် ဆတ်တာရာမြို့အနီးတွင် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ပုဂ္ဂလိကပိုင် ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီးတို့ တိုက်မိခဲ့ရာ လူ ၆ ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်တိုက်မှုက နံနက် ၆း၀၀ နာရီမှာ ဖြစ်ခဲ့တယ်။ လူ ၄၀ ခန့်တင်ဆောင်လာတဲ့ ဘတ်ကားနဲ့ ထရပ်ကားနောက်ပိုင်း ဝင်တိုက်ခဲ့တာပါ” ဟု ဆတ်တာရာခရိုင်ခွဲ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။
အဆိုပါ ဘတ်စ်ကားသည် ကာနာတာကာပြည်နယ် အနောက်တောင်ဘက်မှ နိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ် Pune မြို့သို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
“ဒဏ်ရာရသူများအနက် ဆတ်နာရာပြည်နယ် အစိုးရဆေးရုံသို့ တင်ပို့ထားသော လူ ၃ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေဖြစ်ပြီး အနီးဝန်းကျင်ရှိ ပုဂ္ဂလိကဆေးရုံတွင် တက်ရောက်နေသူများမှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောခဲ့သည်။ (Xinhua)