Connect with us

Asia

အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံ ၅ နိုင်ငံ က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်များအဖြစ် စတင်တာဝန်ထမ်းဆောင်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၌ အရေးပေါ် အစည်းအဝေး တစ်ရပ် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အိန္ဒိယ ၊ အိုင်ယာလန် ၊ ကင်ညာ ၊ မက္ကဆီကို နှင့် နော်ဝေ စသည့် နိုင်ငံ ၅ နိုင်ငံ ၏ နိုင်ငံတော် အလံ လွှင့်ထူခြင်းအခမ်းအနား ကို ဇန်နဝါရီ ၄ ရက် တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ခန်းမဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသည် အဆိုပါ ၅ နိုင်ငံ အနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအဖြစ် စတင်တာဝန်ထမ်းဆောင်ခြင်းကို ကိုယ်စားပြုကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက် သည် လုံခြုံရေးကောင်စီ၌ ၂၀၂၁ ခုနှစ်အတွက် ပထမဦးဆုံးသော အလုပ်စတင် လုပ်ကိုင်ဆောင်ရွက်နေသာနေ့ဖြစ်သည်။ အလံလွှင့်ထူခြင်းအခမ်းအနားတွင် ကုလသမဂ္ဂဆိုင်ရာ ကာဇက်စတန်နိုင်ငံအမြဲတမ်းကိုယ်စားလှယ်က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုလ၏ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သည့် ကုလသမဂ္ဂဆိုင်ရာ တူနီးရှားနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် က မိန့်ခွန်းပြောကြားခဲ့ကြောင်း ၊ လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံသစ်များအား ကြိုဆိုခဲ့ကြောင်း သိရသည်။ ထို့နောက် လုံခြုံရေးကောင်စီ၏ အလှည့်ကျကောင်စီဝင် နိုင်ငံအသစ် ၅ နိုင်ငံ ၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ကိုယ်စားလှယ်များက မိမိ နိုင်ငံ၏ နိုင်ငံတော်အလံများကို လွှင့်ထူခဲ့ကြသည်။

အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံ ၅ နိုင်ငံဖြစ်သော ဂျာမနီ ၊ ဒိုမီနီကန် ၊ တောင်အာဖရိက ၊ ဘယ်လ်ဂျီယံ နှင့် အင်ဒိုနီးရှား စသည့်နိုင်ငံသည် ဇန်နဝါရီ ၁ ရက် မှ စတင်၍ လုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများ အဖြစ် တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်သည်။ အခြားလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံ မှာ အက်စ်တိုးနီးယား ၊ နိုင်ဂျာ ၊ စိန့်ဗင်းဆင့်နှင့် ဂရိနေဒိုင် (Saint Vincent and the Grenadines)၊ တူနီးရှား နှင့် ဗီယက်နမ် နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံရှိကြပြီး ၎င်းတို့အနက် တရုတ် ၊ ပြင်သစ် ၊ ရုရှား ၊ ဗြိတိန် နှင့် အမေရိကန် နိုင်ငံတို့သည် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြပြီး ကျန် ၁၀ နိုင်ငံ က အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအဖြစ် တာဝန်ထမ်းဆောင်ရသည်။ လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံများအနေဖြင့် တာဝန်ထမ်းဆောင်ရသည့် သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး ကုလသမဂ္ဂညီလာခံတွင် နှစ်စဉ် ရွေးကောက်ပွဲကျင်းပ၍ နိုင်ငံ ၅ နိုင်ငံ အား အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအဖြစ်ရွေးချယ်ပေးရခြင်းဖြစ်ကြောင်း ၊ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရွေးကောက်ပွဲတွင် ဆက်တိုက်ပါဝင်ရွေးချယ်ခံ၍ ဆက်လက်တာဝန်ထမ်းဆောင်ခွင့်မရှိကြောင်း ၊ အလှည့်ကျအဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံ နေရာအား ဒေသအလိုက် နေရာချထားခြင်းဖြစ်ပြီး အာဖရိက ဒေသ အတွက် ၃ နေရာ ၊ အာရှ-ပစိဖိတ်ဒေသအတွက် ၂ နေရာ ၊ လက်တင်အမေရိကန် နှင့် ကာရစ်ဘီယံဒေသ အတွက် ၂ နေရာ ၊ ဥရောပ အနောက်ပိုင်း နှင့် အခြား ဒေသများအတွက် ၂ နေရာ နှင့် ဥရောပ အရှေ့ပိုင်းဒေသ အတွက် ၁ နေရာအသီးသီး ဖြစ်ကြောင်း သိရသည်။ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် နိုင်ငံတကာ တည်ငြိမ်အေးချမ်းရေး နှင့် လုံခြုံရေး ကို ထိန်းသိမ်းရန် တာဝန်ထမ်းဆောင်ရပြီး ကုလသမဂ္ဂ ၏ အဓိက အရေးပါသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————–
(Chinese Version)

印度等5国开始担任安理会非常任理事国

新华社联合国1月4日电(记者尚绪谦)印度、爱尔兰、肯尼亚、墨西哥和挪威5国国旗安放仪式4日在联合国安理会厅外举行,标志着5国开始履行安理会非常任理事国职责。

  4日是安理会2021年度第一个工作日。哈萨克斯坦常驻联合国代表伊利亚索夫当天主持国旗安放仪式。安理会本月轮值主席、突尼斯常驻联合国代表拉德布发表讲话,欢迎安理会新成员。5国常驻联合国代表分别发表简短讲话,并将各自国家国旗依次安插到由哈萨克斯坦赠送的国旗座上。

  印度等5国接替德国、多米尼加共和国、南非、比利时和印度尼西亚,从1月1日起开始担任安理会非常任理事国。安理会另外5个非常任理事国为爱沙尼亚、尼日尔、圣文森特和格林纳丁斯、突尼斯、越南。
  联合国安理会共有15个成员,其中中国、法国、俄罗斯、英国和美国为常任理事国,其余10个成员为非常任理事国。非常任理事国任期2年,经联合国大会选举每年更换5个,不能连选连任。10个非常任理事国席位按地区分配:非洲地区3个;亚太地区、拉美和加勒比地区、西欧和其他地区各2个;东欧地区1个。

安理会担负维持国际和平与安全的责任,是联合国主要机构之一。
Photo
1月26日,在位于纽约的联合国总部,安理会就委内瑞拉局势召开紧急公开会。 新华社记者 李木子 摄