Connect with us

Asia

အိန္ဒိယနှင့် လေကြောင်း ဝန်ဆောင်မှု သဘောတူညီမှုရရှိရန် ဖီဂျီ စိတ်ဝင်စား

ဖီဂျီလေကြောင်း၏ ခရီးသည်တင် လေယာဉ် တစ်စင်းကိုတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

စူဗား၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နှင့် လေကြောင်း ဝန်ဆောင်မှု သဘောတူညီမှု လက်မှတ် ရေးထိုးရန် ဖီဂျီနိုင်ငံ က မျှော်လင့်နေ ကြောင်း ဖီဂျီ အစိုးရပိုင် အသံလွှင့်ဋ္ဌာန ကော်ပိုရေးရှင်း (FBC) က ဒီဇင်ဘာလ ၁၄ ရက်က အတည်ပြုပြောကြား လိုက်သည်။

အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့နှင့် ဇန်နဝါရီလတွင် ယင်းသဘောတူညီမှု အပေါ် ဆွေးနွေးရန် မျှော်လင့် ထားကြောင်း ဖီဂျီနိုင်ငံ ရှေ့နေချုပ်နှင့် မြို့ပြလေကြောင်းဆိုင်ရာ ဝန်ကြီး Aiuaz Sayed-Khaiyum ကပြော သည်။

“ကျွန်တော်တို့ အပြီးသတ် ဆွေးနွေးဖို့ လိုအပ်နေပြီ၊ ဘာလို့လဲဆိုတော့ အိန္ဒိယက အခုဆိုရင် ကမ္ဘာပေါ်မှာ ဒုတိယ အကြီးဆုံး ပြည်ပဈေးကွက်ဖြစ်လာပြီး လာမဲ့ ငါးနှစ် သို့မဟုတ် ၁၀ နှစ်အတွင်းမှာ ကမ္ဘာ့အကြီးဆုံး ပြည်ပ ဈေးကွက် ဖြစ်လာနိုင်ပါတယ်” ဟု Sayed-Khaiyum က FBC သို့ပြောသည်။

၎င်းကဆက်ပြီး ယခုနှစ် အစောပိုင်းက အိန္ဒိယကို အလည်အပတ်ခရီး သွားရောက်စဉ်က အိန္ဒိယ လေကြောင်း လိုင်း နှင့် ဖီဂျီ လေကြောင်းလိုင်းတို့အကြား Code-sharing အတွက် ဖြစ်နိုင်ခြေ အလားအလာများရှိကြောင်း ပြောကြားခဲ့သည်။

သမိုင်းကြောင်း နှင့် ကိုလိုနီ စနစ်များကြောင့် ဖီဂျီနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် အိန္ဒိယနွယ်ဖွားများ ဖြစ်နေ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.