Connect with us

Asia

အိန္ဒိယအလံအား စော်ကားခဲ့သော အမေဇုန်ဝက်ဘ်ဆိုက် ပြန်လည်တောင်းပန်ရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား

အမေဇုန်ဝက်ဘ်ဆိုက်၏ တံဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က အိန္ဒိယနိုင်ငံ၏နိုင်ငံတော်အလံအား ဥပဒေမဲ့ စော်ကားခဲ့သော e-commerce လုပ်ငန်းကြီးတစ်ခု ဖြစ်သည့် အမေဇုန်ကုမ္ပဏီအနေဖြင့် အိန္ဒိယနိုင်ငံအား ပြန်လည်တောင်းပန်ရန် နှင့် တောင်းပန်ခြင်းမပြုပါက ၎င်းတို့၏ ဋ္ဌာနအကြီးအကဲများအား ပြည်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ရက် ကပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ တွင် အမေဇုန်က အိန္ဒိယနိုင်ငံ၏နိုင်ငံတော်အလံအား သရုပ်ဖော်ထားသည့် ခြေသုတ်ခုံများ ရောင်းချနေသည်ကို တွေ့ရှိပြီးနောက် Swaraj ၏ ပြစ်တင်ပြောဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။

အမေဇုန်အနေဖြင့် အလုံးစုံ ဝန်ချတောင်းပန်ရမည်ဖြစ်ပြီး နိုင်ငံတော်အလံကို အလွဲသုံးစားပြုလုပ်ထားသည့် ထုတ်ကုန်အားလုံးကို ချက်ချင်း ပြန်လည်သိမ်းဆည်းပေးရမည်ဖြစ်ကြောင်း Swaraj က တွစ်တာစာမျက်နှာ ၌ရေးသားခဲ့သည်။

ဝန်ကြီးက အမေဇုန်အနေဖြင့် ၎င်း၏တောင်းဆိုချက်အား လိုက်လျောရန် ပျက်ကွက်ခဲ့ပါက အမေဇုန်အရာရှိများအတွက် ယခင်ခွင့်ပြုပေးခဲ့သည့် ပြည်ဝင်ခွင့် အပါအဝင် နောက်ထပ် ပြည်ဝင်ခွင့်များ ထပ်မံထုတ်ပေးတော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

အိန္ဒိယတွစ်တာသုံးစွဲသူတစ်ဦးဖြစ်သည့် Atul Bhobe က အိန္ဒိယနိုင်ငံ၏နိုင်ငံတော်အလံအား သရုပ်ဖော်ထားသော ခြေသုတ်ခုံများ ကို အမေဇုန်က ကနေဒါတွင်ရောင်းချနေသည့် ဓါတ်ပုံကို တွစ်တာတွင် တင်ပြီးနောက် ဝန်ကြီးအား သတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီး က ကနေဒါနိုင်ငံရှိ အိန္ဒိယသံရုံးအား အမေဇုန်ကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားခဲ့သည်။

အမေဇုန်သည် အမေရိကန် အီလက်ထရောနစ် e-commerce နှင့် cloud ကွန်ပြူတာစနစ် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး အွန်လိုင်းလက်လီအရောင်းဝက်ဘ်ဆိုက်များအနက် တစ်ခုအဖြစ် လူသိများထင်ရှားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.