Connect with us

Asia

အိုင်အက်စ်အကြမ်းဖက်ဓာတ်ပုံများ ဖုန်းတွင် သိမ်းဆည်းမှုဖြင့် အင်ဒိုနီးရှားကျောင်းသား ၈ ဦးကို မလေးရှားက ပြည်နှင်ဒဏ်ပေး

အိုင်အက်စ်အကြမ်းဖက်ဓာတ်ပုံများသိမ်းဆည်းထားသော မလေးရှားနိုင်ငံရောက် အင်ဒိုနီးရှားကျောင်းသားများကို နေရပ်တိုင်းပြည်သို့ ပြန်လည်ပို့ ဆောင်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံရှိ အင်ဒိုနီးရှားကျောင်းသား ၈ ဦးအနက် တစ်ဦးတွင်အိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့်ချိတ်ဆက်မှုရှိသော ဓာတ်ပုံများကို မိုလ်ဘိုင်းဖုန်းတွင် သိမ်းဆည်းထားကြောင်း တွေ့ရှိပြီးနောက် ၎င်း အင်ဒိုနီးရှားကျောင်းသား ၈ ဦးကို မလေးရှားနိုင်ငံရဲတပ်ဖွဲ့က ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ရှူးဖိနပ်တစ်ခုထဲ ထည့်ထားသော လက်လုပ်ဗုံးတစ်လုံးအပါအဝင် လက်ကိုင်ဖုန်းတစ်ခုထဲတွင် အိုင်အက်စ်အကြမ်းဖက်ဓာတ်ပုံများကို သိမ်းဆည်းထားသော အင်ဒိုနီးရှားကျောင်းသားတစ်ဦး ပါဝင်သော ကျောင်းသား ၈ ဦး အဖွဲ့ကို စင်ကာပူနယ်စပ်အနီး၌ ဖမ်းဆီးလိုက်ကြောင်း မလေးရှားနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့လက်အောက်ခံ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ Bernama သတင်းဌာနက ဖော်ပြခဲ့သည်။

သံသယရှိသူကျောင်းသားများအား စစ်ဆေးရာတွင် ၎င်းဓာတ်ပုံများကို မိုလ်ဘိုင်းဖုန်း၏ WhatsApp application၏ အဖွဲ့လိုက်ပြောဆိုမှု ( group chat) ထဲမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သံသယတရားခံများမှာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်ကတည်းက အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမာတြားကျွန်းရှိ စာသင်ကျောင်းတစ်ကျောင်း မှ မလေးရှားနိုင်ငံသို့လာရောက်ပြီး ဆေးကုသမှုခံယူနေသော ကျောင်းသားများဖြစ်ကြောင်း သတင်းများက ဆိုသည်။ ၎င်းကျောင်းသားများသည် ထိုင်းနိုင်ငံ Pattani ခရိုင်၌ ရက် အနည်းငယ်နေထိုင်ပြီး ခရိုင်တွင်း အစ္စလမ်မစ်ပညာရေးဘုတ်အဖွဲ့၏ ပညာရေးစနစ်အကြောင်းကို လေ့လာဆည်းပူးခဲ့ကြောင်း သိရသည်။

၎င်းတို့သည် မလေးရှားနိုင်ငံ ဂျိုဟိုး(Johor) နယ်စပ်ဂိတ်မှတဆင့် စင်ကာပူနိုင်ငံထဲသို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်းကို တွေ့ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။ သံသယတရားခံကျောင်းသားများကို ဇန်နဝါရီလ ၁၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံသို့သင်္ဘောဖြင့် နယ်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.