Connect with us

Asia

အေဂျင်ပင်လယ်၌ ငလျင်လှုပ်ခတ်မှုကြောင့် တူရကီနှင့်ဂရိတွင် သေဆုံးသူ အနည်းဆုံး ၃၇ ဦးရှိလာ

တူရကီနိုင်ငံ အနောက်ပိုင်း Izmirပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တူရကီနိုင်ငံ အနောက်ပိုင်းနှင့် ဂရိနိုင်ငံ အရှေ့ပိုင်း Samos ကျွန်းအနီး အေဂျင်ပင်လယ်ပြင်တွင် အောက်တိုဘာ ၃၀ ရက်က ပြင်းအား ၆.၆ အဆင့်ရှိ အင်အားပြင်ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ရပ်ကြောင့် တူရကီတွင် သေဆုံးသူ ၃၅ ဦး နှင့် ဒဏ်ရာရသူ ၈၀၀ ကျော် ရှိခဲ့ပြီး ဂရိတွင် သေဆုံးသူ ၂ ဦးနှင့် အခြား ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိကြောင်း သိရသည်။

တူရကီနိုင်ငံ အနောက်ပိုင်း Izmirပြည်နယ်တွင် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူအရေအတွက် ၃၅ ဦးအထိ မြင့်တက်လာကြောင်း တူရကီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Fahrettin Kocaက အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၂၄၃ ဦး၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၈ ဦးရှိပြီး ၎င်းတို့အနက် ၃ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

တူရကီနိုင်ငံ အနောက်ပိုင်း Izmirပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

အောက်တိုဘာ ၃၀ ရက်တွင် ဖြစ်ပွားသောအေဂျင်ပင်လယ် ငလျင်ကြောင့် ဒေသတွင်း ဒဏ်ရသူ အနည်းဆုံး ၈၈၅ ဦး ရှိကြောင်း Fahrettin Kocaက အစောပိုင်းတွင် ပြောကြားခဲ့သည်။ ငလျင်ဘေးသင့်ဒေသရှိ ပြည်သူအများအနေဖြင့် ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုကို လျော့နည်းနိုင်စေရန် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြရန် ကျန်းမာရေးဝန်ကြီး Fahrettin Kocaက တိုက်တွန်းထားသည်။

တူရကီနိုင်ငံ အနောက်ပိုင်း Izmirပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ရှာဖွေကယ်ဆယ်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ငလျင်လှုပ်ခတ်ပြီး ၂၃ နာရီနောက်ပိုင်း ကလေး ၃ ယောက်နှင့် ၎င်းတို့၏မိခင်အား ကယ်ဆယ်နိုင်ခဲ့သလို ၂၆ နာရီနောက်ပိုင်းတွင် ပြိုကျပျက်စီးနေသည့်အဆောက်အဦများအကြားတွင် ပိတ်မိနေသော မြို့ခံ လူတစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ အပျက်အစီးများကြား ပိတ်မိနေသော အသက်ရှင်ကျန်ရစ်သူများအား ကယ်ဆယ်နိုင်ငံရန် ရှာဖွေကူညီကယ်ဆယ်မှုလုပ်ငန်းများ အဆက်မပြတ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တူရကီနိုင်ငံ အနောက်ပိုင်း Izmirပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ဂရိနိုင်ငံတွင် မြေငလျင်ကြောင့် Samos ကျွန်းရှိ အဆောက်အဦအဟောင်းကြီးတစ်ခု၏ နံရံပြိုကျခဲ့ပြီး အထက်တန်းကျောင်းသား ၂ ဦးသေဆုံးခဲ့ကြောင်း ၊ အဆောက်အဦအချို့နှင့် လမ်းများ ပျက်စီးခဲ့ကြောင်း ဂရိနိုင်ငံ အစိုးရက ကြေညာခဲ့သည်။ ဒဏ်ရာပြင်းထန်သူ အချို့ကို အေသင်မြို့သို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။

တူရကီနိုင်ငံ အနောက်ပိုင်း Izmirပြည်နယ်တွင် ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူများအား ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ဂရိနိုင်ငံ သမ္မတ Katerina Sakellaropoulou၊ ဝန်ကြီးချုပ် Kyriakos Mitsotakisတို့က Samosကျွန်း နှင့် တူရကီနိုင်ငံအား နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပြီး သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဘယ်လိုပဲ ကွဲလွဲမှုတွေ ရှိပါစေ ဒီအချိန်ဒီအခါဟာ နှစ်နိုင်ငံ ပြည်သူတွေ စည်းလုံးရမှာဖြစ်ပါတယ် ”Kyriakos Mitsotakisက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ တူရကီနိုင်ငံ သမ္မတ Erdoğanကလည်း “အကျပ်အတည်းအခက်အခဲကြုံတွေ့ချိန်မှာ စည်းလုံးညီညွတ်ခြင်းက အရာအားလုံးထက် ပိုပြီး တန်ဖိုးရှိတယ်”ဟု ဆိုသည်။

တူရကီ သဘာဝဘေးအန္တရာယ် အရေးပေါ်စီမံခန့်ခွဲမှုဌာန၏ ဖော်ပြချက်များအရ ငလျင်သည် အောက်တိုဘာ ၃၀ ရက် ဒေသ စံတော်ချိန် ၁၄ နာရီ ၅၁ မိနစ်တွင် ပြင်းအား ၆.၆ အဆင့် ၊ မြေအောက်အနက် ၁၆.၅ ကီလိုမီတာခန့်၌ ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ İzmirပြည်နယ်နှင့်အနီးဝန်းကျင်ဒေသများက ငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရကြောင်း ၊İzmirပြည်နယ်တွင် ဒါဇင်နှင့်ချီသော အဆောက်အဦများ ပြိုကျပျက်စီးခဲ့ကြောင်း တူရကီ သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ဂရိနိုင်ငံ အေသင်အမျိုးသားဘူမိသိပ္ပံသုတေသနဌာန၏ဖော်ပြချက်များအရ ငလျင်သည် Samosကျွန်း အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာ၊ အနက် ၂ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ရာ အေဂျင်ပင်လယ်ပြင်တစ်ခုလုံးနှင့် ဂရိနိုင်ငံ ကုန်းမြေပြင် ဒေသအချို့တွင် ငလျင်လှုပ်ခတ်မှုကို ခံစားသိရှိရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.