Connect with us

Australia / Oceania

နယူးဇီလန်တွင် ယာဉ်တိုက်မှုကြောင့် လူ ၆ ဦး သေဆုံး

နယူးဇီလန်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက် )

ဝဲလ်လင်တန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

နယူးဇီလန် မြောက်ဘက်ကျွန်း South Taranaki ခရိုင်waverleyအနီးတွင် ဇွန် ၂၇ ရက်က ယာဉ် တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း နယူးဇီလန် လုံခြုံရေးရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုက ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယာဉ်နှစ်စီး လမ်း အကွေ့နေရာတွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားသောနေရာရှိ ရဲအရာရှိ တစ်ဦး က ပြောခဲ့သည်။ အဆိုပါမော်တော်ယာဉ်နှစ်စီးပေါ်တွင် လူ ၄ ဦးစီ လိုက်ပါ စီးနင်းလာခြင်းဖြစ်ကြောင်း၊ ယာဉ်တစ်စီးပေါ်တွင်လိုက်ပါလာသည့် လူ ၄ ဦးစလုံးသေဆုံးခဲ့ပြီး ကျန်တစ်စီးပေါ်ရှိလူ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဆီးနှင်းများနှင့်လမ်းချောနေသောကြောင့် လမ်းချော်ပြီးယခုကဲ့သို့ ယာဉ်တိုက်မှုဖြစ်ပွားရခြင်းဖြစ် ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။ ရဲတပ်ဖွဲ့က အထူးသတိထားမောင်းနှင်ရန်သတိပေး ကြေညာချက်ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။

အီကွေတာတောင်ဘက်အခြမ်းရှိသော နယူးဇီလန်တွင် ဆောင်းရာသီဝင်ပြီဖြစ်ပြီး ယခုရက်ပိုင်းများ တွင် နှင်းမိုးများအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ရာသီဥတုအခြေအနေ ဆိုးဝါးကြောင်း သိရသည်။ တောင်ဘက်ကျွန်းနေရာဒေသအတော်များများတွင် ဆီးနှင်းများဖုံးလွှမ်းနေသောကြောင့် လမ်းများ ပိတ်ထားရ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.