Connect with us

Australia / Oceania

နယူးဇီလန်နိုင်ငံ ဆိတ်နေ့ အား သတ်မှတ်

နယူးဇီလန်တွင် တရုတ်နှစ်သစ်ကူး ပွဲတော်အား ပျော်ရွှင်စွာ ဆင်နွှဲနေစဉ် (ဆင်ဟွာ)

နယူးဇီလန်၊ ဖေဖေါ်ဝါရီ ၉ ရက် (ဆင်ဟွာ)

နယူးဇီလန် နိုင်ငံအခြေခံ ကုန်ထုတ်လုပ်မှု ဝန်ကြီး နပ်သန် ကိုင်း(Nathan Guy)သည် ဖေဖော်ဝါရီ ၁၅ရက် နေ့အား နိုင်ငံလုံးဆိုင်ရာ ဆိတ်နေ့အဖြစ် သတ်မှတ်မည့် အဆိုအား ထောက်ခံကြောင်း တနင်္လာနေ့ တွင် ပြောကြား ခဲ့သည်။ထိုသို့ သတ်မှတ်ခြင်းသည် နိုင်ငံသမိုင်းကြောင်း အားအသိအမှတ် ပြုနိုင်သည့်အပြင် ဆိတ်မွေးမြူရေး လုပ်ငန်း ဖွံဖြိုးရေးအတွက် အထောက်အကူ ဖြစ်စေကြောင်းပြောကြားခဲ့သည်။

လွန်ခဲ့သော ၁၃၃ နှစ် ဖေဖေါ်ဝါရီ ၁၅ရက် နေ့တွင် နယူးဇီလန်နိုင်ငံ တောင်ပိုင်း ဂျူနီဒင်(Dunedin) မြို့ အနီးရှိဆိပ်ကမ်း တစ်ခုမှ အေးခဲထားသော ဆိတ်သားများအား ဂျူနီဒင် အမည်ရှိ သင်္ဘော ဖြင့် သုံးလကြာ မောင်းနှင် ပြီး အင်္ဂလန်နိုင်ငံ ၏မြို့တော်လန်ဒန် သို့ ရောက်ရှိခဲ့သည်။ ထိုကုန်သွယ်မှုသည် နယူးဇီလန် နိုင်ငံ၏ အသားများ နှင့် နို့ထွက်ပစ္စည်းများ အင်္ဂလန်သို့ တင်ပို့သည့် ဈေးကွက်ကို စတင် ထိုးဖောက် နိုင်ခဲ့သည်။

နောက်ပိုင်း ကာလများ တွင်နယူးဇီလန် သည်အင်္ဂလန် နိုင်ငံသို့ ဆိတ်သား၊ဒိန်ခဲ နှင့် ထောပတ် အမြောက်အမြား တင်ပို့ခဲ့သဖြင့် အင်္ဂလန် နိုင်ငံ၏ အဓိက မွေးမြူရေးခြံ သကဲ့သို့ ဖြစ်ခဲ့ပါသည်။ ဂျူနီဒင် သင်္ဘော၏ခရီးစဉ်သည် နယူးဇီလန် နိုင်ငံ အသားတင်ပို့မှုလုပ်ငန်း ဖြစ်မြောက်စေခဲ့သော သမိုင်းသင်္ကေတ တစ်ခုဖြစ်သည်။ “ဆိတ်နေ့”အားသတ်မှတ်ခြင်းသည် နယူးဇီလန် နိုင်ငံ ဆိတ်သား တင်ပို့မှုဖြင့် နိုင်ငံစီးပွားရေးကို အထောက်အကူပြုခဲ့ဲခြင်းအား ဂုဏ်ပြုလိုသော ကြောင့်ဖြစ်သည်။

“ဆိတ်နေ့”ကို နယူးဇီလန် နိုင်ငံမှ “နယူးဇီလန်ဆိတ်သားနှင့်အမဲသား” ဟူသော ကုမ္ပဏီ တစ်ခုမှ အဆိုပြု ခဲ့ခြင်းဖြစ်သည်။တစ်နိုင်ငံလုံးရှိ ပြည်သူများအား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဆိတ်သားဟင်းလျာ မျိုးစုံ ချက်ပြုတ်နည်းများ ပေးပို့ရန် လှုံ့ဆော်ခဲ့ပြီး ကံစမ်းမဲများ ဖောက်ပေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.