Connect with us

Australia / Oceania

သြစတြေးလျနိုင်ငံရှိ ဆေးရုံတစ်ရုံ၌ ဗုံးခြိမ်းခြောက်မှု နှစ်ကြိမ်တိုင်တိုင်ဖြစ်ပွား


ဆစ်ဒနီ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ ဆေးရုံတစ်ရုံ၌ အောက်တိုဘာ ၂ ရက်တွင် ဗုံးခြိမ်းခြောက်မှု နှစ် ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက ဆေးရုံပေါ်ရှိ လူနာ ၆ဝ ကျော်ကို အနီးအနားရှိ ပန်းခြံတစ်ခုသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။

ခြိမ်းခြောက် ဖုန်းခေါ်ဆိုမှု နှစ်ကြိမ် လက်ခံရရှိခဲ့ပြီးနောက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် Epworth Hawthorn ဆေးရုံမှ လူနာများ နှင့် ဆေးရုံဝန်ထမ်းများကို အရေးပေါ် ပြောင်းရွှေ့မှုလုပ်ဆောင်ခဲ့ ပြီး ကန့်သတ်နယ်မြေတစ်ခု အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ထိတ်လန့်မှုများ ရှိနေလင့်ကစား ဗစ်တိုးရီးယားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားရာတွင် တာဝန်ရှိသူများက လုံခြုံရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အခင်းဖြစ်နေရာမှာ ဘေးအန္တရာယ်ကင်းကြောင်း ကြေညာခဲ့သည်ဟု ဆိုသည်။

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ Hawthorn ဆေးရုံ၌ ဗုံးခြိမ်းခြောက်ခံရပြီးနောက် လူနာများအား အနီးအနားပန်းခြံတစ်ခုသို့ပြောင်းရွှေ့ထားစဉ် (ဓာတ်ပုံ-အင်တာနက်)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ Hawthorn ဆေးရုံ၌ ဗုံးခြိမ်းခြောက်ခံရပြီးနောက် လူနာများအား အနီးအနားပန်းခြံတစ်ခုသို့ပြောင်းရွှေ့ထားစဉ် (ဓာတ်ပုံ-အင်တာနက်)

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ Hawthorn ဆေးရုံ၌ ဗုံးခြိမ်းခြောက်ခံရပြီးနောက် လူနာများအား အနီးအနားပန်းခြံတစ်ခုသို့ပြောင်းရွှေ့ထားစဉ် (ဓာတ်ပုံ-အင်တာနက်)

“ Hawthorn က ဆေးရုံတည်ရှိတဲ့ Burwood လမ်းမကို ရဲတပ်ဖွဲ့ဝင်တွေက ဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေးမှုတွေ လုပ်နေပါတယ် ” ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“ အခင်းဖြစ်နေရာက ဘေးကင်းသွားပါပြီး။ အားလုံးအထဲကို ပြန်ဝင်နိုင်ပါပြီ” ဟုဆိုသည်။

အများပြည်သူတို့အနေဖြင့် အခင်းဖြစ်နေရာအား ရှောင်ရှားသွားလာကြရန်သတိပေးထားပြီး အနီးအနားတွင် တည်ရှိသော Hawthorn ရထားဘူတာမှာလည်း ရထားခရီးစဉ်များ အနှောင့်အယှက်ဖြစ်ခဲ့ရသည်။

“ အခင်းဖြစ်ကိစ္စကတော့ ဖုန်းဆက်ခြိမ်းခြောက်တာမျိုးပါ။စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်” ဟု တာဝန်ရှိသူကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.