Connect with us

Australia / Oceania

ပါပူအာနယူးဂီနီ (PNG) နိုင်ငံတွင် ပိုလီယိုရောဂါကြောင့် ပထမဆုံးလူသေဆုံးမှု အတည်ပြု

ပါပူအာနယူးဂီနီနိုင်ငံတွင် ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ပါပူအာနယူးဂီနီနိုင်ငံတွင် ပိုလီယိုဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကလေးငယ်တစ်ဦးသေဆုံးကြောင်း ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြုခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ နိုင်ငံတစ်ဝန်းပြုလုပ်သော ကာကွယ်ဆေးထိုးနှံရေးစည်းရုံးရေး၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ဌာနေကိုယ်စားလှယ် Luo Dapeng က အသက် ၁၅ နှစ်အောက် ကလေးများတိုင်း ကာကွယ်ဆေးထိုးနှံသင့်ကြောင်း ဒေသခံမီဒီယာသို့ ပြောကြားခဲ့သည်။

ပိုလီယိုဖြစ်ပွားသူ စုစုပေါင်း ၁၄ ဦးရှိခဲ့ကြောင်း၊ Eastern Highlands ပြည်နယ်တွင် ငါးဦး၊MOrobe တွင် ၃ ဦး၊ Enga တွင် ၂ ဦး၊ Madang တွင် ၂ ဦး၊ မြို့တော် Port Moresby တွင် ၁ ဦးနှင့် Jiwaka တွင် ၁ ဦးတို့ဖြစ်ကြောင်း၊ သို့သော်လည်း Enga ရှိ ပိုလီယိုပိုးကူးစက်ခံရသူ သေဆုံးသွားခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ယခုနှစ် ဧပြီလတွင် အဆိုပါ ရောဂါပိုးကူးစက်မှုဖြစ်ပွားကြောင်း ပထမဆုံးမှတ်တမ်းရှိခဲ့ပြီးနောက် ရောဂါမဖြစ်ပွားစေရေးအတွက် အာဏာပိုင်များက ပြင်းပြင်းထန်ထန် လုပ်ဆောင်ရန်ကြိုးပမ်းခဲ့သည်။

PNG ၏ ကျန်းမာရေးဌာနနှင့် WHO အပါအဝင် အခြားသော မိတ်ဖက်အဖွဲ့အစည်းများက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်၏ အစိတ်အပိုင်းအဖြစ် ပိုလီယိုအလုပ်သမား ၉,၀၀၀ ကျော်ဖြင့် နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၂၂ ခုတွင် စတင်စည်းရုံးခဲ့ကြောင်း Luo ၏ ပြောကြားချက်အရ သိရသည်။

“အဲဒီအလုပ်သမားတွေက ကျေးရွာတွေ၊ လူမှုအသိုက်အဝန်းတွေ၊ ဈေးတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေ၊ ကျောင်းတွေနဲ့ ဘုရားရှိခိုးရာနေရာတွေမှာ ကလေးတွေကို ဘဝတစ်သက်တာ မသန်စွမ်းဖြစ်ခြင်းမှ ကာကွယ်ဖို့ ကာကွယ်ဆေးထိုးပေးဖို့ သွားရောက်ကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.