Australia / Oceania
တရုတ်နိုင်ငံနှင့် ပါပူဝါနယူးဂီနီနိုင်ငံတို့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးအပေါ် သဘောတူညီ

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ပါပူဝါနယူးဂီနီနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါပူဝါနယူးဂီနီနိုင်ငံ ဝန်ကြီးချုပ် Peter O’Neill နှင့် နိုဝင်ဘာလ ၁၆ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု ပါဝင်သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးကို တည်ထောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။
သမ္မတ ရှီနှင့် O’Neill တို့ တွေ့ဆုံပြီး တရုတ်နိုင်ငံနှင့် ပါပူဝါနယူးဂီနီနိုင်ငံအကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုအကြောင်း အခိုင်အမာပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်များ ရေးဆွဲခဲ့သည့် တွေ့ဆုံပွဲအတွင်း အထက်ပါ ဆုံးဖြတ်ချက်ကို သဘောတူချမှတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)