Australia / Oceania
တောင်ပစိဖိတ်သမုဒ္ဒရာ ဗာနူအာကျွန်းနိုင်ငံတွင် ပြင်းအား ၆ အဆင့် ငလျင်လှုပ်ခတ်
ဆူဗာ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)
တောင်ပစိဖိတ်သမုဒ္ဒရာ ဗာနူအာကျွန်းနိုင်ငံ Luganville မြို့အရှေ့ပင်လယ်ပြင်တွင် ဇူလိုင် ၂ ရက်က ပြင်းအား ၆ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်းသိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။
အဆိုပါငလျင်မှာ ဇူလိုင် ၂ ရက် ဒေသစံတော်ချိန် ၄ နာရီ ၁၃ မိနစ်က Luganville မြို့အရှေ့မြောက်ဘက် အရှေ့ဘက်စွန်း ၃၈ ကီလိုမီတာအကွာ ပင်လယ်ပြင်တွင် အနက် ၉၉.၉ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးဌာန(USGS)၏ ငလျင်ဝက်ဘ်ဆိုက် သတင်းများအရ သိရသည်။
ငလျင်နှင့်စပ်လျဉ်း၍ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။
ဗာနူအာ နိုင်ငံသည် ပစိဖိတ် သမုဒ္ဒရာ မီးတောင်ငလျင်ကြောတွင်တည်ရှိရာ ငလျင်မကြာခဏ လှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ (Xinhua)