Connect with us

Europe

ဂရိနိုင်ငံတွင် အအေးလှိုင်းဖြတ်၊ ဆိုးဝါးသည့် ရာသီဥတုကြောင့် လူ ၃ ဦး သေဆုံး


အေသင်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

ဂရိနိုင်ငံတွင် အအေးလှိုင်းဖြတ်သန်းမှုကြောင့် ရာသီဥတုအခြေအနေဆိုးဝါးလျက်ရှိရာ လူ ၃ ဦး သေဆုံးခဲ့ကြောင်း မီးသတ် ဦးစီးဌာနက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။

မီးသတ်တပ်ဖွဲ့ဝင်များက ဂရိနိုင်ငံမြို့တော် အေသင်မြို့ အရှေ့တောင်ဘက် ၃၀ ကီလိုမီတာခန့် အကွာတွင် မြစ်ထဲထိုးကျနေသည့် မော်တော်ယာဉ်တစ်စီးအတွင်း သေဆုံးနေသည့်အမျိုးသမီး ရုပ်လောင်းတစ်ခုကို ဇန်နဝါရီ ၅ ရက်တွင် တွေ့ရှိရပြီး ဇန်နဝါရီ ၆ ရက်တွင် ၎င်းယာဉ်အနီး ပတ်ဝန်းကျင်၌ အမျိုးသား ရုပ်လောင်းနှစ်ခုကို ထပ်မံတွေ့ရှိရကြောင်း မီးသတ်ဦးစီးဌာနက ပြောကြားခဲ့သည်။ ၎င်းသေဆုံးသူ ၃ ဦးသည် ဇန်နဝါရီ ၃ ရက်က ကားမောင်းထွက်ခွာသွားခြင်းဖြစ်ရာ နှင်းမိုးအပြင်းအထန်ရွာသွန်းနေချိန်နှင့် ကြုံတွေ့ရခြင်းကြောင့် ယခုကဲ့သို့ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။

နှစ်သစ်အစတွင် အအေးလှိုင်းကြောင့် ဂရိတစ်နိုင်ငံလုံးရှိ နေရာအမြောက်အမြားတွင် လေပြင်းတိုက်ခတ်ခြင်း၊ အပူချိန်ကျဆင်းခြင်းနှင့် နှင်းမိုးရွာသွန်းမှုများ ဖြစ်ပွားလျက်ရှိကြောင်း ၊ အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသများတွင် အပူချိန်သည် သုညအောက်ရှိပြီး ဆီးနှင်းများ သည်းထန်စွာရွာသွန်းလျက်ရှိရာ အချို့နေရာများတွင် လမ်းများပိတ်ဆို့ခြင်း၊ လေယာဉ်ခရီးစဉ် နှောင့်နှေးခြင်း ရပ်ဆိုင်းခြင်းများ ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ဂရိနိုင်ငံတွင် ဆီးနှင်းများ ကျနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံတွင် ဆီးနှင်းများ ကျနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံတွင် ဆီးနှင်းများ ကျနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံတွင် ဆီးနှင်းများ ကျနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံတွင် ဆီးနှင်းများ ကျနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံတွင် ဆီးနှင်းများ ကျနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဇန်နဝါရီ ၁ ရက်မှစ၍ နှင်းမိုးရွာသွန်းမှုကြောင့် ဂရိတစ်နိုင်ငံလုံးတွင် ဆေးရုံသို့ ပို့ဆောင်ကုသထားရသူ ၂၈ ဦး ရှိပြီး မော်တော်ယာဉ်ထဲတွင် ပိတ်မိနေသူ ၄၅ ဦးကိုလည်း ကယ်ဆယ်ခဲ့ရကြောင်း ဂရိ မီးသတ်ဦးစီးဌာန၏ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်သည့်သတင်းများအရ သိရသည်။

ဂရိ မိုးဇလ ဦးစီးဌာန၏ ကြိုတင်ခန့်မှန်းချက်များအရ ဇန်နဝါရီ ၇ ရက်တွင် အေသင်နှင့် တောင်ပိုင်းဒေသများ၌ ဆီးနှင်းများထပ်မံကျဆင်းနိုင်ချေရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.