Connect with us

Europe

ဂျာမနီ နိုင်ငံ တွင် မြို့ကြီးများ ၌ ဆင်းရဲနွှမ်းပါးမှု ပြဿနာ ပိုမို ဆိုးရွား

ဂျာမနီ နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်း တစ်ခု တွင် အလုပ်သမား များ လုပ်ငန်းဆောင်ရွက်မှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ တွင် မြို့ကြီးများ ၏ ဆင်းရဲနွှမ်းပါးမှု ရာခိုင်နှုန်း သည် တစ်နိုင်ငံလုံး ၏ ပျှမ်းမျှရာခိုင်နှုန်း ထက် မြင့်တက်နေပြီး မြို့ကြီး များ ၌ ဆင်းရဲနွှမ်းပါးမှု ပြဿနာ ပိုမို ဆိုးရွားစွာ ဖြစ်ပေါ် နေကြောင်း Bertelsmann Foundation ၏ ဧပြီ ၂ ရက် ထုတ်ပြန် ကြေညာချက်အရ သိရှိရသည်။

ထုတ်ပြန်ကြေညာ ချက် အရ ၂၀၁၆ ခုနှစ် တွင် ဂျာမနီ နိုင်ငံ ၏ ဆင်းရဲနွှမ်းပါမှု ရာခိုင်နှုန်းမှာ စုစုပေါင်း လူဦးရေ ၏ ၁၀.၁ ရာခိုင်နှုန်းရှိကြောင်း ၊ သို့သော် လူဦးရေ တစ်သိန်း အထက်ရှိ မြို့များ ၏ ဆင်းရဲနွှမ်းပါးမှု ရာခိုင်နှုန်း မှာ စုစုပေါင်း လူဦးရေ ၏ ၁၄ ရာခိုင်နှုန်း အထိ ရှိနေကြောင်း ၊ လူဦးရေ တစ်သိန်း အထက်ရှိ သည့် ဂျာမနီ ရိုးရာ စက်မှုလုပ်ငန်း လုပ်ကိုင်သော Ruhr ဒေသ ရှိ မြို့ ၁၃ မြို့ ၏ ဆင်းရဲနွှမ်းပါးမှု ရာခိုင်နှုန်း မှာ လွန်ခဲ့သည့် ၁၀ နှစ် ချိန် က နှင့် နှိုင်းယှဉ် လျှင် ပိုမို မြင့်တက် လာကြောင်း သိရှိရသည်။

ဂျာမနီ နိုင်ငံ မြို့ကြီးများ တွင် ရပ်ကွက် အလိုက် ကြုံတွေ့နေသည့် အခက်အခဲများ အပေါ် မူတည်၍ သက်ဆိုင်ရာ ဆောင်ရွက်မှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း ၊ မြို့ကြီးများ တွင် ရပ်ကွက်များ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ မညီမျှမှုများကို သက်ဆိုင်ရာ ဖြေရှင်းမှုများ ဆောင်ရွက်ပြီး ပညာရေး ၊ ကျန်းမာရေး နှင့် နေအိမ် အခြေအနေများ ကို အဆင့်မြှင့်တင် ကာ အလုပ်ကိုင် အခွင့်အလမ်းများ တိုးချဲ့ ဖန်တီးပေးခြင်းဖြင့် မြို့ကြီးများ ၌ ဆင်းရဲနွှမ်းပါးမှု အခြေအနေ ပိုမိုဆိုးရွား လာခြင်း ကို ဖြေရှင်း သွားသင့်ကြောင့် Bertelsmann Foundation က အကြံပြုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.