Connect with us

Europe

ဂျာမနီ နိုင်ငံ ရှိ လေဆိပ်ကြီး ၈ ခု က ဆန္ဒပြမှု ပြုလုပ်သွားမည် ဖြစ်သဖြင့် ခရီးသည်ပေါင်း ၂ သိန်းကျော် အပေါ် သက်ရောက်မှု ဖြစ်ပွား နိုင်

ဂျာမနီ နိုင်ငံ မြို့တော် ရှိ လေဆိပ် တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံ ဝန်ဆောင်မှု လုပ်ငန်း အလုပ်သမား အဖွဲ့ချုပ် က ဇန်နဝါရီ ၁၄ ရက် ၌ ဖရန့်ဖွတ် ၊ မြူးနစ် နှင့် ဟမ်းဘတ် စသည့် လေဆိပ်ကြီး ၈ ခု ရှိ လုံခြုံရေး ဝန်ထမ်းများအား ဆက်လက် ဆန္ဒပြသွားရန် တိုက်တွန်း ခဲ့သောကြောင့် ခရီးသည် ပေါင်း ၂၂၀,၀၀၀ ၏ သွားလာရေး အပေါ် သက်ရောက်မှု ဖြစ်ပွား နိုင်ကြောင်း သိရှိရသည်။

အလုပ်သမား အဖွဲ့ချုပ် က ဆန္ဒပြမှု အသစ် တစ်ကြိမ် အား ဇန်နဝါရီ ၁၅ ရက် မှ စတင်၍ ဂျာမနီ နိုင်ငံ ရှိ လေဆိပ်ကြီး ၈ ခု တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ဂျာမနီ နိုင်ငံ ၏ အကြီးဆုံး လေဆိပ် ဖြစ်သည့် ဖရန့်ဖွတ် လေဆိပ် ၏ လုံခြုံရေး ဝန်ထမ်း များ က ဇန်နဝါရီ ၁၅ ရက် မှ စတင်၍ နံနက် ၂ နာရီ မှ ည ၈ နာရီ အထိ ဆန္ဒပြမှုပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ အဆိုပါ လေဆိပ်၏ ထုတ်ပြန်ချက်အရ ယင်းနေ့တွင် လေယာဉ် ခရီးစဉ်ပေါင်း ၄၇၀ ခု ကို ပယ်ဖျက် ခဲ့ရပြီး စုစုပေါင်း လေယာဉ် ခရီးစဉ် ၏ သုံးပုံတစ်ပုံကျော် ပယ်ဖျက် ခဲ့ရကြောင်း သိရှိရသည်။

ဂျာမနီ တွင် လက်ရှိ ဖြစ်ပွား နေသည့် ဆန္ဒပြမှု က အလုပ်ရှင် အလုပ်သမား အကြား လုပ်ခလစား တိုးမြှင့်ရေး နှင့် ပတ်သက်၍ ဆွေးနွေးမှု ပြုလုပ်ရာ တွင် အငြင်းပွားမှု ဖြစ်ပွားရာမှ စတင် ခဲ့ခြင်း ဖြစ်ကြောင်း ၊ အလုပ်သမား အဖွဲ့ချုပ် က ဂျာမနီ နိုင်ငံ လေဆိပ်များရှိ လုံခြုံရေး ဝန်ထမ်းပေါင်း ၂၃,၀၀၀ ခန့် ၏ လုပ်ခလစာ အား တစ်နာရီလျှင် ယူရို ၂၀ ရရှိအောင် တောင်းခဲ့ခြင်း ဖြစ်ကြောင်း ၊ နှစ်ဖက်အကြား ဆွေးနွေးမှု ၄ ကြိမ် ပြုလုပ်ခဲ့သော်လည်း သဘောတူညီချက် မရရှိနိုင်ခဲ့ကြောင်း ၊ အသစ် တစ်ကြိမ် ဆွေးနွေးမှု အား ဇန်နဝါရီ ၂၃ ရက် တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.