Connect with us

Europe

Brexitသဘောတူညီချက် ဗြိတိန်အောက်လွှတ်တော်တွင် ပယ်ချခံရ

ဇန်န၀ါရီ ၁၅ ရက်က ဗြိတိန်လွှတ်တော်အဆောက်အဦအနီးတွင် ဆန္ဒပြသူများအား တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂအကြား ဆွေးနွေးထားသည့် Brexit သဘောတူညီချက်ကို ဗြိတိန်အောက်လွှတ်တော်တွင် ဇန်နဝါရီ ၁၅ ရက်က မဲခွဲဆုံးဖြတ်ရာ ပယ်ချခံခဲ့ရကြောင်း သိရသည်။

၅ ရက်ကြာ အချေအတင်ဆွေးနွေးပြောဆိုမှုများအပြီး ဗြိတိန်အောက်လွှတ်တော်က ဇန်နဝါရီ ၁၅ ရက် တွင် ကန့်ကွက်မဲ ၄၃၂ မဲ ၊ထောက်ခံမဲ ၂၀၂မဲဖြင့် ပယ်ချခဲ့ခြင်းဖြစ်သည်။

လွှတ်တော်၏ဆုံးဖြတ်ချက်အရ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် ဇန်နဝါရီ ၂၁ ရက် မတိုင်မီ Brexit နည်းလမ်းသစ်ကို လွှတ်တော်သို့ထပ်မံတင်ပြပြီး မဲခွဲအဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။

မဲခွဲရလဒ်ကို ကြေညာပြီးနောက် အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbynက အစိုးရအပေါ် ယုံကြည်မှုမရှိဟူသောအဆိုအား လွှတ်တော်ကို တင်သွင်းခဲ့သည်။ ယင်းအဆိုကို ဇန်နဝါရီ ၁၆ ရက်တွင် လွှတ်တေ်ာ၌ အချေအတင်ဆွေးနွေး မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

ဗြိတိန်လွှတ်တော်အဆောက်အဦပြင်ပတွင် ဇန်နဝါရီ ၁၅ ရက်က Brexitကို ထောက်ခံသူများနှင့် ကန့်ကွက်သူများက အသီးသီး ဆန္ဒပြခဲ့ကြသည်။

Brexit ပြဿနာကို မဖြေရှင်းပါက ဗြိတိန်အတွက် မရေရာမှုများနှင့်အကျပ်အတည်းများ ပိုများလာမည်ဖြစ်ကြောင်း မဲခွဲရလဒ်ကြေညာအပြီး ထရီဇာမေက လွှတ်တော်တွင် ပြောကြားခဲ့သည်။

ထိုမတိုင်မီကလည်း ဝန်ကြီးချုပ်ထရီဇာမေသည် Brexitပယ်ချခံရပါက ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂ တွင်ဆက်နေရန်က သဘောတူညီချက်မရှိနုတ်ထွက်ခြင်းထက် ဖြစ်နိုင်ချေပိုများကြောင်း ၊ ၎င်းမှာ ပြည်သူအများနိုင်ငံအပေါ်ထားသည့်ယုံကြည်မှုကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဗြိတိန်သည် တစ်နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဆန္ဒကောက်ယူပွဲကျင်းပခဲ့ရာ ၅၂ ရာခိုင်နှုန်းက ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် သဘောတူထောက်ခံခဲ့ကြောင်း သိရသည်။ ယခင်သဘောတူညီချက်အရ ဗြိတိန်သည် မတ်လ ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ တရားဝင် နုတ်ထွက် မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.