Connect with us

Europe

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်စွမ်းအင်ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ပြောကြား

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအင်ဖြစ်ကြောင်း ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် က အောက်တိုဘာ ၂၉ ရက် ၌ ကျင်းပပြုလုပ်သည့် အွန်လိုင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဖိုရမ်တွင် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသတင်းမီဒီယာများ၏ ဖော်ပြချက်အရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖိုရမ်တွင် ရုရှားနိုင်ငံသမ္မတပူတင်က လက်ရှိချိန်၌ အာရှဈေးကွက်အနေဖြင့် တက်ကြွစွာဖွံ့ဖြိုးတိုးတက်နေသည့် အလားအလာ တွင်တည်ရှိနေကြောင်း ၊ COVID-19 ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်စေခဲ့သော်လည်း အာရှစီးပွားရေးအနေဖြင့်ဆက်လက်၍ ဖွံ့ဖြိုတိုးတက်နေကြောင်း ၊ ကပ်ရောဂါ အခြေအနေအောက်တွင် တရုတ်နိုင်ငံ စီးပွားရေး၏ တိုးတက်မှုကိုတွေ့ရှိခဲ့ရပြီး တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု၏ စွမ်းအင်ဆက်လက်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပူတင် က ကုန်သွယ်မှုပမာဏအရဆိုရလျှင် အာရှဒေသ ၏ အနေအထားက ဥရောပတိုက်ထက် ပိုမိုအရေးကြီးပြီး ရုရှားနိုင်ငံအနေဖြင့် ယင်းအခြေအနေနှင့် ပတ်သက်၍ အနာဂတ် အတွက် ပြုပြင်ပြောင်းလဲမှုဆောင်ရွက်နေကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ အပါအဝင် အာရှတိုက်ရှိ မိတ်ဖက်များနှင့် ချစ်ကြည်ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး ယင်းဆောင်ရွက်မှုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေကြောင်း ပြောကြား ခဲ့သည်။

“ရုရှားနိုင်ငံမှ ဖိတ်ခေါ်ခြင်း” ဟူသည့်ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဖိုရမ်ကို အွန်လိုင်းမှတစ်ဆင့် အောက်တိုဘာ ၂၉ မှ ၃၀ ရက် အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)