Connect with us

Europe

တရုတ် နိုင်ငံ က တာဝန်ယူတည်ဆောက်ပေးသည့် ဆားဘီးယား နိုင်ငံ အမြန်ကားလမ်း စတင် ဖွင့်လှစ်

ဆားဘီးယား နိုင်ငံ E763 Surčin-Obrenovac လမ်းပိုင်း အမြန်ကားလမ်း ဖွင့်ပွဲ အခမ်းအနား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘီဂရိတ် ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကုမ္ပဏီ တစ်ခု က တာဝန်ယူတည်ဆောက်ပေးသည့် ဆားဘီးယား နိုင်ငံ E763 Surčin-Obrenovac လမ်းပိုင်း အမြန်ကားလမ်း ဖွင့်ပွဲ အခမ်းအနား အား ဒီဇင်ဘာ ၁၈ ရက် တွင် ဆားဘီးယား နိုင်ငံ မြို့တော် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ဆားဘီးယား နိုင်ငံ သမ္မတ Aleksandar Vučic ၊ ဆားဘီးယား နိုင်ငံ ဝန်ကြီးချုပ် Ana Brnabic နှင့် ဆားဘီးယား နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချိန်ပေါ (Chen Bo) တို့ တက်ရောက် ခဲ့သည်။

ဆားဘီးယား နိုင်ငံ သမ္မတ Aleksandar Vučic က မိန့်ခွန်းပြောကြားရာတွင် Surčin-Obrenovac လမ်းပိုင်း သည် E763 အမြန်ကားလမ်း ၏ အရေးပါသည့် အပိုင်း ဖြစ်ပြီး ယင်း အမြန်ကားလမ်း ဖွင့်လှစ် နိုင်ခဲ့ခြင်းကြောင့် ခရီးကြာချိန် များစွာ လျှော့ချပေးနိုင်ခဲ့ကြောင်း ၊ ယင်းဆောင်ရွက်မှု က ရင်းနှီးမြှုပ်နှံ သူ များစွာ ကို စွဲဆောင်နိုင်မည် ဖြစ်ပြီး ဆားဘီးယား နိုင်ငံ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လွန်စွာ အရေးပါကြောင်း ပြောကြား ခဲ့သည်။

ဆားဘီးယား နိုင်ငံ သမ္မတ Aleksandar Vučic အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 ဆားဘီးယား နိုင်ငံ သမ္မတ Aleksandar Vučic မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ သံအမတ်ကြီး ချိန်ပေါ က အခြေခံအဆောက်အဦ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု က တရုတ်-ဆားဘီးယား နှစ်နိုင်ငံ ဆက်ဆံရေး ၏ အရေးပါသော အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး ရပ်ဝန်း နှင့် ပိုးလမ်းမ ဖော်ဆောင်မှု ၏ အရေးပါသည့် အပိုင်းလည်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

E763 Surčin-Obrenovac လမ်းပိုင်း သည် ၁၇.၆ ကီလိုမီတာ ရှိပြီး Belgrade မှ Cacak အထိ အမြန်လမ်းမ တစ်လျှောက် ခရီးအကွာအဝေး မှာ ၁၀၄ ကီလိုမီတာ ရှိကြောင်း ၊ တစ်နာရီ ကီလိုမီတာ ၁၂၀ မောင်းနှင်နိုင်ရန် ဒီဇိုင်းဆွဲ တည်ဆောက်ထားကာ အမေရိကန်ဒေါ်လာ ၂၃၃ သန်း ဖြင့် တည်ဆောက်ရန် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ နှင့် စာချုပ်ချုပ်ဆို ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.