Connect with us

Europe

တောင်းဆိုချက်နှင့်ကိုက်ညီလျှင် အီရန်သမ္မတနှင့်တွေ့ဆုံမည်ဟု ထရမ့် ဆို

အမေရိကန် သမ္မတထရမ့်နှင့်ပြင်သစ်သမ္မတ မိုက်ခရွန်တို့က သြဂုတ် ၂၆ ရက်တွင် ပြင်သစ်နိုင်ငံ ဘီရာရစ်ဇ်၌ ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်(ဆင်ဟွာ)

ဘီရာရစ်ဇ်၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

တောင်းဆိုချက်များနှင့် ကိုက်ညီမည်ဆိုလျှင် ပြင်သစ်၏အကြံပြုချက်ကို လက်ခံပြီး အီရန်သမ္မတ ရိုဟာနီ နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု အမေရိကန် သမ္မတ ထရမ့်က သြဂုတ် ၂၆ ရက် ပြင်သစ် နိုင်ငံ ဘီရာရစ်ဇ်မြို့တွင် ပြောကြားခဲ့သည်။

G-7 ထိပ်သီးဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနား မကျင်းပမီ အမေရိကန်သမ္မတထရမ့်နှင့်ပြင်သစ်သမ္မတ မိုက်ခရွန်က သြဂုတ် ၂၆ ရက်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ထရမ့်က အမေရိကန် အနေနဲ့ အီရန်၏နိုင်ငံရေးအာဏာကို တွန်းလှန်မည်မဟုတ်ကြောင်း ၊ အမေရိကန်၏တောင်းဆိုချက် က ရှင်းလင်းကြောင်း၊ အီရန်အနေဖြင့် နျူကလီးယားလက်နက်နှင့် တိုက်ချင်းပစ်ဒုံးကျည် မရှိဖို့သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မိုက်ခရွန်ကလည်း ရိုဟာနီအနေဖြင့် ထရမ့်နှင့်ဆွေးနွေးလိုသည့်ဆန္ဒရှိကြောင်း၊ ၎င်းတို့နှစ်ဦး၏ တွေ့ဆုံဆွေးနွေးပွဲကို လာမည့်အပတ်များအတွင်း ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နှင့်အီရန်အကြား သဘောတူညီချက်များရရှိရန်မျှော်လင့်ကြောင်း ၊ ပြင်သစ်နိုင်ငံအနေဖြင့် အကျိုးဆောင်သည့်အခန်းကဏ္ဍမှပါဝင်သွားလိုကြောင်း ၎င်းက ဆိုသည်။

အကယ်၍ တစ်စုံတစ်ယောက်နှင့်တွေ့ဆုံဆွေးနွေးမှုက အီရန်၏နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေမည် ၊ပြဿနာကိစ္စရပ်များကို ဖြေရှင်းနိုင်မည်ဆိုလျှင် တွေ့ဆုံလိုသည်ဟု အီရန် သမ္မတ ရိုဟာနီက သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့ကြောင်း IRNA သတင်းအေဂျင်စီ၏ ဖော်ပြချက်များအရ သိရသည်။ အီရန်အနေဖြင့် စွမ်းရည်ကိုပြသရမည်ဖြစ်သလို သံခင်းတမန်ခင်းနည်းလမ်းများကို လုပ်ဆောင်သွား မည်ဟု ရိုဟာနီက ဆိုသည်။

အီရန် နျူကလီးယားအရေးကိစ္စမှာ ယခုကျင်းပသည့် G-7 ထိပ်သီးဆွေးနွေးပွဲတွင် အများဂရုပြုကြ သည့် ကဏ္ဍတစ်ခုဖြစ်သည်။ အီရန် နိုင်ငံခြားရေးဝန်ကြီးမိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) က သြဂုတ် ၂၅ ရက်တွင် ဘီရာရစ်ဇ်မြို့ကို ရောက်ရှိခဲ့ရာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်း-ယေ့စ်လီဒရိန်း (Jean-Yves Le Drian) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြင်သစ်သမ္မတ မိုက်ခရွန်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.