Connect with us

Europe

နယ်သာလန်တွင် ဓါတ်ငွေ့ပေါက်ကွဲ့မှုကြောင့် လူ ၉ဦး ဒဏ်ရာရရှိ

နယ်သာလန်နိုင်ငံ သဟိတ်မြို့တွင် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် ပျက်စီးသွားသည့် အဆောက်အဦအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

သဟိတ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ သဟိတ်မြို့တွင် ဇန်နဝါရီ ၂၇ ရက်က ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် အဆောက်အဦးတစ်လုံး ပျက်စီးခဲ့ပြီး လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နယ်သာလန်နိုင်ငံ Laakkwartier ခရိုင် Jan van der Heijdenstraat မြို့ တွင် ဒေသစံတော်ချိန် ညနေ ၄နာရီခန့်တွင် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် သုံးထပ်အဆောက်အဦးတစ်လုံး ပြိုကျခဲ့ကြောင်း နှင့် အဆောက်အဦ၏ ရှေ့အစိတ်အပိုင်းတစ်ခုလုံး လွင့်စင်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ အရေးပေါ်အဖွဲ့များ ရောက်ရှိလာပြီး အပျက်အစီးများအောက်မှ လူ ၃ဦးကို ကယ်ဆယ်ခဲ့ကြောင်း နှင့် လေးဦးမြောက်လူမှာ အပျက်အစီးများအောက် ပိတ်မိနေဆဲဖြစ်သော်လည်း ၎င်းထံသို့ ရောက်ရှိရန် နီးကပ်လာကြောင်း သိရသည်။

အဆောက်အဦးမှာ ခိုင်ခံ့မှုမရှိတော့၍ ကယ်ဆယ်ရေးလုပ်ငန်းများကို သတိကြီးစွာ ဆောင်ရွက်နေရကြောင်း သဟိတ်မြို့ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ယခုအချိန်အထိ အပျက်အစီးများအောက်တွင် အခြားလူများ ထပ်မံပိတ်မိနေခြင်းမရှိဟု ယုံကြည်ရကြောင်း၊ ဒဏ်ရာရရှိသူ ၉ဦးအနက် ၇ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် အဆိုပါ ဧရိယာအတွင်းရှိ နေအိမ် အလုံး ၂၀မှ နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး ၎င်းတို့သည် ဟိုတယ်တစ်ခု၌ ညအိပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.