Connect with us

Europe

နော်ေ၀ အကြီးစားခရီးသည်တင်သင်္ဘောတစ်စီး စက်ချို့ယွင်းမှုဖြစ်ပွား၊ လူတစ်ထောင်ကျော်ကို ကယ်ဆယ်ရေးဆောင်ရွက်ရန် ကြိုးပမ်းနေ


အော်စလို ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

နော်ေ၀ အကြီးစား ခရီးသည်တင် သင်္ဘောတစ်စီးသည် နိုင်ငံ အနောက်ဘက်ပင်လယ် ကမ်းခြေတွင် မတ် ၂၃ ရက်က စက်ချို့ယွင်းမှုဖြစ်ပွားပြီး လေပြင်းတိုက်ခတ်မှုနှင့်ကြုံတွေ့နေရသဖြင့် ၎င်းသဘောၤပေါ်လိုက်ပါလာသည့် လူတစ်ထောင်ကျော်ကို ကယ်ဆယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Viking Skyအမည်ရှိ သင်္ဘောပေါ်တွင် ခရီးသည် ၁၃၀၀ တင်ဆောင်ထားကြောင်း၊ နော်ဝေနိုင်ငံ မြောက်ပိုင်း Tromso မြို့မှ တောင်ပိုင်း Stavanger မြို့ သို့ မောင်းနှင်နေစဉ် ယခုကဲ့သို့ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း နော်ေ၀ မီဒီယာများ၏ သတင်းများအရ သိရသည်။ အဆိုပါ သင်္ဘောသည် မတ် ၂၃ ရက်ညနေပိုင်းက နော်ဝေနိုင်ငံအနောက်ပိုင်း ပင်လယ်ကမ်းခြေအနီးတွင် စက်ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း ၊ တစ်ချိန်တည်းမှာပင် လေပြင်းတိုတ်ခတ်မှုနှင့်ကြုံတွေ့နေရသဖြင့် သင်္ဘောကိုထိန်းချုပ်မရဖြစ်နေကြောင်း သိရသည်။

အင်ဂျင်ချို့ယွင်းမှုဖြစ်ပွားသည့် အကြီးစား ခရီးသည်တင်သင်္ဘော Viking Sky အား တွေ့ရစဉ် (ဆင်ဟွာ)

အင်ဂျင်ချို့ယွင်းမှုဖြစ်ပွားသည့် အကြီးစား ခရီးသည်တင်သင်္ဘော Viking Sky အား တွေ့ရစဉ် (ဆင်ဟွာ)

ကယ်ဆယ်ရေးအချက်ပေး သတင်းလက်ခံရရှိပြီးနောက် ကူညီကယ်ဆယ်ရေးဌာနမှ ရဟတ်ယာဉ် ၄ စင်းကို စေလွှတ်ခဲ့ကြောင်း ၊ သင်္ဘောပေါ်မှလူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လုပ်ဆောင်နေကြောင်း နှင့် လက်ရှိတွင် လူ ၁၀၀ ခန့် ကမ်းခြေကို ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

သင်္ဘောကို ကျောက်ချ၍ စက်ပိုင်းဆိုင်ရာ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင် နေကြောင်း၊ ထို့ပြင် သင်္ဘောအား ကမ်းခြေသို့ ဆွဲခေါ်လာနိုင်ရန် သင်္ဘောတစ်စင်းစေလွှတ်ထားပြီးဖြစ်ကြောင်း နှင့် Viking Sky သင်္ဘောမှာ နော်ဝေနိုင်ငံ ဘာဂန်မြို့တွင် မှတ်ပုံတင်ထားပြီး ၂၀၁၇ ခုနှစ်တွင် စတင် အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.