Connect with us

Europe

ပါလက်စတိုင်း နှင့် အစ္စရေး အကြား ရန်ပြုသည့် ဆောင်ရွက်မှုများ အမြန်ဆုံးအဆုံးသတ်ရန် ပြင်သစ် နှင့် အီဂျစ် တိုက်တွန်း

ပဲရစ် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron နှင့် အီဂျစ်နိုင်ငံသမ္မတ Abdel Fattah Al-Sisi တို့သည် မေလ ၁၇ ရက်၌ ပဲရစ်မြို့တွင် တွေ့ရှိဆွေးနွေးမှုတစ်ရပ်ကျင်းပပြုလုပ်ခဲ့ပြီး ယင်းနှစ်နိုင်ငံက ပါလက်စတိုင်း နှင့် အစ္စရေး အကြား ရန်ပြုသည့် ဆောင်ရွက်မှုများ အမြန်ဆုံးအဆုံးသတ်ကြရန် တိုက်တွန်းခဲ့ကြသည်။ပြင်သစ်နိုင်ငံ သမ္မတရုံးက မေလ ၁၇ ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာတွင် နှစ်နိုင်ငံ သမ္မတအနေဖြင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ မြင့်တက်လာမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ၊ ပဋိပက္ခကြောင့် အရပ်သားပြည်သူအမြောက်အများ သေဆုံးဒဏ်ရာရရှိခဲ့ရသည့်အတွက် ဝမ်းနည်းမိကြောင်း ၊ အရှေ့အလယ်ပိုင်းဒေသတွင် ရန်ပြုသည့် ဆောင်ရွက်မှုများသည် မဖြစ်မနေ အဆုံးသတ်ရန်လိုအပ်သည်ဟု ယူဆကြောင်း ၊ ပြင်သစ်နိုင်ငံသမ္မတ အနေဖြင့် အီဂျစ်နိုင်ငံ မှ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် အပြုသဘောဆောင်သည့် ညှိနှိုင်ဆောင်ရွက်ပေးမှုအပေါ် ထောက်ခံအားပေးကြောင်း ၊ နှစ်နိုင်ငံသမ္မတသည် ပဋိက္ခဖြစ်ပွားနေသည့် သက်ဆိုင်ရာအသီးသီးအနေဖြင့် အမြန်ဆုံးအပစ်အခတ်ရပ်ဆဲကာ တိုက်ခိုက်မှုများ ဆက်လက်မပြန့်ပွားလာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ထို့ပြင် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် မေလ ၁၆ ရက်ညပိုင်းအချိန်၌ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပြီး မေလ ၁၇ ရက်၌ အီဂျစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကာ အရှေ့အလယ်ပိုင်းအခြေအနေ နှင့် ပတ်သက်၍ သဘောထားအမြင်များ ဖလှယ်ခဲ့ကြကြောင်း ၊ အဆိုပါ ၃ နိုင်ငံလုံးမှ နိုင်ငံခြားရေးဝန်ကြီးတို့သည် အရှေ့အလယ်ပိုင်းဒေသတွင် တိုက်ခိုက်မှုများ မြင့်တက်လာမှုအပေါ် စိုးရိမ်ပူပန်ခဲ့ကြပြီး ညှိနှိုင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် တိုက်ခိုက်မှုများအား အဆုံးသတ်သွားရန် ဆွေးနွေးခဲ့ကြကြောင်း ၊ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အတူတကွ အရှေ့အလယ်ပိုင်းဒေသ တိုက်ခိုက်မှုများ အဆုံးသတ်သွားအောင် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

လတ်တလောရက်ပိုင်းတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် အဆက်မပြတ်မြင့်တက်လာခဲ့ရာ အမျိုးသမီး နှင့် ကလေးငယ်များအပါအဝင် လူများစွာ သေဆုံးဒဏ်ရာရမှုများဖြစ်ပေါ်ခဲ့ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်း ၏ လွန်စွာ စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ (Xinhua)


(国际)法国和埃及领导人呼吁巴以尽快结束敌对行动

新华社巴黎5月17日电(记者唐霁)法国总统马克龙和到访的埃及总统塞西17日在巴黎举行会谈,双方呼吁巴勒斯坦与以色列尽快结束敌对行动。

法国总统府当天对媒体表示,两国总统对巴以冲突升级表示担心,为大量平民在冲突中死伤感到痛惜,他们认为“绝对有必要结束中东地区的敌对行动”。马克龙对埃及在巴以冲突中发挥调解作用表示支持。两国总统决定共同努力,敦促冲突方尽快停火,防止冲突进一步蔓延。

另据法国外交部发表的声明,法国外长勒德里昂16日晚与美国国务卿布林肯通电话,并于17日与到访的埃及外长舒凯里举行会谈,就中东局势交换意见。三国外长均对中东地区冲突持续升级表示担忧,并讨论了如何加强协调,以结束暴力冲突。勒德里昂表示,法国愿同地区和国际社会共同努力,以尽快结束中东地区冲突。

近日,巴以冲突持续升级,造成包括妇女和儿童在内的大量人员伤亡,引发国际社会严重关切。(完)

Photo
5月17日,巴勒斯坦人在加沙城查看一个被以军空袭摧毁的咖啡厅废墟。 新华社发(里泽克•阿卜杜勒•贾瓦德摄)