Connect with us

Europe

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်အပေါ် အယုံအကြည်ရှိကြောင်း ဆန္ဒခံယူပွဲ အပြတ်အသတ်အနိုင်ရရှိ


လန်ဒန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ (Theresa May) အား ဒီဇင်ဘာလ ၁၂ ရက်က ကွန်ဆာဗေးတစ်အမတ်များမှ အယုံအကြည်ရှိမရှိ ဆန္ဒမဲခံယူပွဲပြုလုပ်ခဲ့ရာ အယုံအကြည်ရှိကြောင်းဆန္ဒမဲက အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဂင်းနစ်စံတော်ချိန် ညနေ ၆း၀၀ နာရီ၌ စတင်ခဲ့သော အဆိုပါ လျှို့ဝှက်ဆန္ဒခံယူမှုမှာ နှစ်နာရီအကြာတွင် ပြီးဆုံးခဲ့ပြီး ဆန္ဒမဲပေါင်း ၃၁၇ ခုတွင် ပါတီခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေစေရေး ထောက်ခံမဲ ၂၀၀ ရရှိကာ ဝန်ကြီးချုပ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မေသည် အနိုင်ရရှိရန် ထောက်ခံဆန္ဒမဲ ၁၅၉ မဲသာလိုအပ်ခြင်းပြီး ယခုလို အပြတ်အသတ်အနိုင်ရရှိခဲ့သည့်အတွက် နောက်တစ်နှစ်အတွင်း ၎င်း၏ နေရာအား နောက်ထပ်စိန်ခေါ်မှုမရှိနိုင်တော့ပေ။

လွှတ်တော်တွင် မဲခွဲဆုံးဖြတ်အပြီး ပြန်လည်ရောက်ရှိလာသော ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေအား တွေ့ရစဉ် (ဆင်ဟွာ)

ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒမဲခံယူမှုမှာ ဗြိတိန်နိုင်ငံအတွင်း ဆယ်စုနှစ်လေးခုနီးပါးအတွင်း ပထမဆုံးလည်း ဖြစ်သည်။

ဆန္ဒမဲခံယူမှုမစတင်မီ ဝန်ကြီးချုပ်မေက လွှတ်တော်အမတ်များအား ပြောကြားရာတွင် ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီအား ဦးဆောင်တော့မည်မဟုတ်ကြောင်း၊ သို့သော် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ထွက်ခွာရေး (Brexit) သဘောတူညီမှု လုပ်ဆောင်ရန်အတွက်မူ ဆက်လက်ရှိနေလိုသေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.